Chapter 29

526 105 7
                                    

"ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေး၏ မင်္ဂလာဧည့်ခံပွဲအား တက်ရောက်အားပေးခြင်း ၃"

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေး မှာ မျက်စိရှေ့က မူချောင့်
မျက်နှာ ကို မြင်ပြီး အလွန်ရင်းနှီး
​နေသလို ခံစားလိုက်ရတယ်။

နေ့တိုင်းလိုလို သူ ဂိမ်းဆော့ဖို့
sign in ဝင်လိုက်တဲ့ အခါတိုင်း မူချောင့်ရဲ့မျက်နှာ က ဂိမ်းရဲ့ ပင်မ
sign in လုပ်တဲ့ pageထက်မှာ ချောမောခန့်ညားစွာနဲ့ ရှိနေတတ်
တာကို။
အမှန်တိုင်းပြောရရင် မူချောင့်ရဲ့
မျက်နှာကို သူ့ဇနီးရဲ့ မျက်နှာထက်
​တောင် သူ့ဘဝမှာ ပိုမြင်တွေ့ရ
​သေးတယ်။

ပြီးတာနဲ့ ဘောင်းဘီပေါ်က အမွှေး
တစ်မျှင်လေးရဲ့ မျက်လုံးတွေက
ဘေးကို အော်တိုမစ်တစ် ရွေ့သွား
တယ်။
မူ‌ချောင့်ဘေးမှာ ပါလာတဲ့သူကို
လည်း သူ အရမ်းရင်းနှီးနေသလိုပဲ။

ဒီနှစ်မှာ Spirit Road က
​နောက်ထပ် ကိုယ်စားလှယ်အသစ် တစ်ယောက် ကို ထပ်ရွေးချယ်ခဲ့
​သေးတယ် မဟုတ်ပါလား။

ထန်းရှီလေးဆို နေရာအနှံ့ တောင်
​ပြေး မြောက်ပြေး လုပ်ပြီး ထန်းရှောင်ကို vote ​ပေးကြဖို့
လိုက်ဆော်ဩခဲ့တာ။
သူ့ဆိုရင် တစ်ချက် အလွတ်မပေး
ဘဲ နောက်ကနေ ကြက်အမေကြီး
​နောက် ကြက်သားပေါက်လေးတွေ လိုက်သလိုမျိုး တကောက်ကောက် လိုက်နေတော့တာပဲ။

နေ့တိုင်းလိုလို သူ့မှာ ထန်းရှောင် ဘယ်လောက် တော်ကြောင်း, ဘယ်လောက် လှပကြောင်း, ဘယ်လောက် အရည်အချင်းရှိ
​ကြောင်း....ဘာဖြစ်ကြောင်း....
ညာဖြစ်ကြောင်း စသဖြင့်...
အမှိုက်ကောင်ထန်းရှီရဲ့ တပွန်​ပွန်​ မားကတ်တင်းဆင်းတာကို အတော်
​လေး စိတ်​​ထောင်းကိုယ်​​ကြေခံခဲ့ရ
တာ။

နောက်ဆုံးတော့လည်း ဘောင်းဘီ
​ပေါ်က အမွှေးတစ်မျှင်လေးမှာ
လုံးဝ သည်းမခံနိုင်တော့ဘဲ ထန်းရှောင်ကို vote ပေးလိုက်ရ
​တော့တယ်။

ဒီထက်ဆိုးတာက တစ်မိုးအောက်
ထန်းရှီက ဒီလောက်နဲ့တင် မရပ်
တန့်နိုင်ဘူး ဆိုတာ ဘယ်သူက သိခဲ့မှာလဲ, သူ ဘယ်တုန်းကမှ မလိုချင်ခဲ့တဲ့ ထန်းရှောင်ရဲ့ ပိုစတာ
ပုံတွေ၊ ဓာတ်ပုံတွေပါတဲ့ ပါဆယ်
ဘူးကြီးကို မျက်ရည်စက်လက်နဲ့ လက်ခံလိုက်ရပြီး ထန်းရှောင်ကို ဒီထက်ပိုပြီး ချီးကျူးပေးဖို့, တစ်ကမာ္ဘလုံးကြားတဲ့အထိ ​
အော်ပြီး ချီးကျူးပေးဖို့ ခြိမ်းခြောက် ခံရတော့တာပဲ!

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now