Chapter 30

513 107 6
                                    

"ဒါက အရမ်း ရက်စက်လွန်းတယ်"

မူချောင်နဲ့ ထန်းရှောင်တို့နှစ်ယောက် စင်မြင့်ထက်မှာ ထွက်ပေါ်လာတဲ့ အချိန်မှာ ခန်းမထဲက လူတွေရဲ့ ဆူညံနေတဲ့ အသံပလန်ပေါင်းစုံ က စီခနဲ့ ချက်ချင်း ငြိမ်ကျသွားကာ အသက်ရူ ရပ်မတတ် ဖြစ်သွားကြတယ်။

သေချာတာကတော့ မူချောင့်ရဲ့
မျက်နှာကို လူကိုယ်တိုင် မျက်စိ
​ရှေ့မှာ မြင်တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာတင် သူတို့ရဲ့စိတ်
ဝိဉာဉ်တွေ အကုန်လုံး ပြုစားခံ
လိုက်ရတယ်။

မူချောင့်ရဲ့ လေပြေလေးလို တည်ငြိမ်နေတဲ့ ဩရှရှ အသံက
Spirit Roadရဲ့ Theme song
နဲ့ အလွန်ပနံသင့်စွာပင် လိုက်ဖက်
လို့ ​နေတယ်။

မင်္ဂလာခန်းမ အတွင်းမှာရှိတဲ့ မီးအလင်းရောင်အားလုံးက တဖြည်းဖြည်းချင်း မှိန်ကျ သွားကာ နောက်ဆုံးမှာ စင်မြင့်ပေါ်မှာ ရှိနေတဲ့ လူနှစ်ယောက်ရဲ့အပေါ်မှာပဲ တောက်ပတဲ့ အလင်းတန်း​လေး
နှစ်ခုကို အသားပေးပြီး ဖြန့်ကြက်
ထားတော့တယ်။

မဟူရာညကောင်းကင်ယံမှာ တောက်ပနေတဲ့ ကြယ်ပွင့်လေးလိုမျိုး စင့်မြင့်ထက်မှာ အလင်းတန်းခပ်ဖျော့ဖျော့လေးသာ လွှမ်းခြုံထားတဲ့ မူချောင်ဆီကနေ ခမ်းနားထည်ဝါပြီး သိမ်မွေ့တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေတယ်။

ထန်းရှောင်က အမျိုးသမီး အဆိုရှင်အပိုင်းကို သီဆိုနေပြီး သူမက ဒီသီချင်းနဲ့ တကယ့်ကို ရင်းနှီးကျွမ်းဝင်နေတယ်။
ဒါပေမဲ့ အခုလိုမျိုး မူချောင်နဲ့ နှစ်ယောက်တွဲ ဆိုရတာမျိုးကတော့ သူမအတွက် ပထမဆုံးအကြိမ်ပဲ။

စိတ်လှုပ်ရှားနေတာကြောင့်
သူမအသံက အနည်းငယ် တိုးညင်း
​နေပေမဲ့လည်း သီချင်းနဲ့စီးမြောပြီး သက်တောင့်သက်သာ သီဆိုနေတဲ့ မူချောင်ရဲ့ တည်ငြိမ်နေတဲ့ အသံက သူမနားထဲကို ဖြည်းဖြည်းချင်းလေး ငြိမ့်ညောင်းစွာနဲ့ တိုးဝင်လာတယ်။

သူမကိုယ်တိုင်တောင် သတိမထား
ဘဲ ဘေးကို လှည့်ကြည့်မိလိုက်တဲ့ အချိန်မှာ မူချောင်ကလည်း သူမကို ကြည့်နေကာ သူ့ရဲ့စိတ်အာရုံတွေ အကုန်လုံးက သူမတစ်ယောက်တည်း အပေါ်မှာသာ။
ကြည်လင်တောက်ပနေတဲ့ သူ့ရဲ့မျက်ဝန်းတစ်စုံထက်မှာတော့ သူမရဲ့ပုံရိပ်ကို တောင် ရောင်ပြန်ဟပ်ပြီး ပြန်မြင်ယောင်နေရတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now