Chapter 36

502 99 3
                                    

"အိမ်နီးချင်းဖြစ်ရတဲ့ အကျိုးကျေးဇူး"

အသံလုံနံရံတွေမရှိတာက ထန်းရှောင်ကို ခေါင်းကိုက်စေတဲ့အချက်​ ဖြစ်တယ်။

နံရံတွေ အသံလုံမလုံ သေချာစစ်ဆေးကြည့်ဖို့ရန်အတွက် ညမှာ ထန်းရှောင်က လူနေတိတ်တဲ့ အချိန်ကိုရွေးပြီး အော်ကြည့်လိုက်တယ်။
"ရေမြေ့သခင်ဘုရင်မင်းမြတ်က နိုင်ငံ့ရတနာကျားထက် ပိုပြီး ခွန်အားကြီးမားတယ်!"

တစ်ဖက်က ဘာသံမှတုံ့ပြန်မလာပေ။

ထို့ကြောင့် ထန်းရှောင် အဆုတ်တွေ ပွင့်ထွက်သွားတဲ့အထိ ဆက်အော်လိုက်တယ်။
"ရေမြေ့သခင်ဘုရင်မင်းမြတ်က! အဟွတ်, အဟွတ်, အဟွတ်....နိုင်ငံရတနာကျားထက် ပိုပြီး ခွန်အားကြီးမားတယ်!"

စုမူကျိက ဂိမ်းထဲမှာ စာပို့လာတယ်။
"ဗုဒ္ဓဘုရားရှင်က မြစ်နတ်ဆိုးကို အောင်နိုင်ခဲ့တယ်"

[Private] သင်မှ စုမူကျိထံသို့: "ဖာခ့်***, ကျွန်မပြောတာကို တကယ်ကြီးကြားရတယ်လား?'

[Private] စုမူကျိမှ သင့်ထံသို့: "ငါတို့အခန်းနှစ်ခန်းကြားမှာ နံရံတချပ်ပဲခြားတာလေ"

[Private] သင်မှ စုမူကျိထံသို့: "တခြားသူတွေကို ဆဲနေတဲ့ကျွန်မအသံက အဲ့လောက်တောင် ကျယ်တယ်လား? ဘုရားရေ! ကျွန်မ ဘယ်လောက်တောင် ဒေါသထွက်နေတာလဲ?! ကျွန်မကို စိတ်ဆိုးအောင် ရှင်ဘယ်လောက်တောင် လုပ်ခဲ့လဲ, ကြည့်စမ်း"

မူချောင်က စကားပြန်မပြောတော့ပေ။

ထိုအစား မန္တာန်တစ်ခုက သူမရှေ့တည့်တည့်ဆီကို ပျံဝဲလာလေတယ်။

[Systemမှ အသိပေးချက်]
စုမူကျိသည် အစုလိုက်အပြုံလိုက် ပေါက်ကွဲဖျက်စီးခြင်းမန္တန်ကို စတင်အသုံးပြုလိုက်ပါပြီ။

ထန်းရှောင်အတွက် ထိုစကားလုံးတွေက ဗုံးတစ်လုံးလိုပဲ!

သူမအမြန်ပဲ သုတ်ခြေတင်ပြီး ထွက်ပြေးတော့တယ်။

[လက်ရှိ] စုမူကျိ: "ထန်းရှီလေး, မင်း ဒီနေရာကနေ လွတ်ထွက်သွားနိုင်ရင်တောင် Server တစ်ခုလုံးကနေတော့ မလွတ်မြောက်နိုင်ပါဘူး"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now