Chapter 16

512 113 5
                                    

"လူ​ကောင်​ကြီး တဲ့ ဂျူနီယာ
ညီမ​လေး"

ထန်းရှောင် မှာ မူချောင် သွားနေ
ကျ တိုက်ကွမ်ဒို သင်တန်းကျောင်း
ရဲ့ လိပ်စာကို ရဖို့ အတွက် လူရော
အချိန်ရော ဖတ်ဖတ် ​မော​​အောင်
အားထုတ် လိုက်ရတယ်။

အဲဒီနောက်မှာတော့ သူမ ကို
ထိုသင်တန်းကျောင်း ကို တက်ခွင့်
ပြုဖို့ အတွက် အဖွဲ့မှူးနင်​ ကို
အင်တိုက် အားတိုက် နားပူနာဆာ
လုပ်လေတယ်။

သူမက ​နေ့တိုင်းလိုလို အဖွဲ့မှူးနင်
ကို ဖုန်းဆက်တယ်။ ဆက်တိုင်း
လည်း ​ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်
​မောမောနဲ့။
အဖွဲ့မှူးနင် ရဲ့ အကြွေးရှင်တွေ
တောင် သူမလောက် အချိန်မှန်မှန်
ဖုန်းခေါ်ပြီး သာကြောင်းမာကြောင်း ​မေးမှာ မဟုတ်ဘူး။

သူမမှာ သူ့ကို တစ်ခုခုမေးစရာ
​ပြောစရာ ရှိရင်လည်း “အစ်ကို” “အစ်ကို” နဲ့ ပျားရည်အိုး ထဲ
​ခေါင်းစိုက် ကျထားတဲ့ အတိုင်း။
တစ်ခါတစ်လေ စိတ်မရှည် တဲ့
အချိန် ကျ “ငါက နင့်အဖေပဲ”
ဆိုတဲ့ စကားက နှုတ်က​နေ မချဘူး။

ကြာလာတော့လည်း သည်းညီး
မခံနိုင်တော့ တဲ့ အဖွဲ့မှူးနင်
တစ်ယောက် ထန်းရှောင် ကို သင်တန်းကျောင်းဆီ ကိုယ်တိုင်
ကိုယ်ကျ ကားမောင်းပြီး လိုက်ပို့
လိုက်ရတယ်။

မူချောင်ရဲ့ Trainer က
အဖွဲ့မှူးနင် ကိုယ်တိုင် မူချောင် ကို မိတ်ဆက်ပေးထားတဲ့ သူ ဖြစ်တာ
​ကြောင့် သူမ သင်တန်းကျောင်း ကို ရောက်သွားတဲ့ အချိန်မှာတော့ သွေးပူလေ့ကျင့်ခန်း လုပ်နေ တဲ့
မူချောင် ကို တည့်တည့်ကြီး
​တွေ့လိုက်ရတယ်။

အနက်ရောင် ခါးပတ်ကြိုး ကို
ခါးမှာ ပတ်စည်းထားပြီး
အဖြူရောင် တိုက်ကွမ်ဒိုဝတ်စုံ
ကို ဝတ်ဆင်ထားတဲ့ မူချောင့် ရဲ့ ယောက်ျားပီသပြီး ချောမော
ခန့်ညားလွန်း တဲ့ ပုံရိပ်ကြောင့်
ထန်းရှောင်ရဲ့ နှလုံးခုန်သံတွေ က
မီတာတစ်ရာ ပြေးလာသလိုမျိုး
ကဆုန်​​ပေါက်နေကာ သူမရဲ့
မျက်လုံး အကြည့်တွေ ကလည်း
လုံးဝကို မလွှဲနိုင်ပေ။

တအောင့်လောက်ကြာ​အောင်​
ငမ်းပြီး​ ​နောက်မှာ​တော့
သူမက ​နောက်ကို လှည့်ကာ
အဖွဲ့မှူးနင် ကို လက်တို့ပြီး
ပြောလိုက်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now