Chapter 14

553 104 7
                                    

"ငါ့အိုင်​​ဒေါ က ငါ့ဆီက ဖုန်းနံပါတ်
​တောင်းသွားတယ်?!!"

တိုက်ပွဲ နယ်မြေ ဆိုတာ တကယ်
​တော့ Energy အပြည့် ရှိပြီး တက်ကြွတဲ့ ကစားသမားတွေ
အတွက် သူတို့ရဲ့ Energyတွေ အကုန်လုံးကို ဖွင့်ထုတ်ပြီး
စိတ်ကြိုက် ​ပေါက်ကွဲလို့ ရနိုင်တဲ့
​နေရာပဲ။

အရင်တုန်း ကတော့ တိုက်ပွဲ
နယ်မြေ ဆိုတာ ထန်းရှောင်
အကြိုက်ဆုံး ​နေရာ တစ်ခု
ဖြစ်ခဲ့တယ်။

သူမက တိုက်ပွဲနယ်မြေထဲ ကို
သွားပြီး ​တွေ့သမျှ လူမှန်သမျှ ကို
အကုန် လိုက်ရိုက်မယ်။ အဲလိုနဲ့ အခြေအနေ သိပ်မဟန် ​တော့ရင် လစ်ပြေးမယ်။ ပြီးတာနဲ့ ရာသီဥတု မဆိုးရင် ပြန်လာပြီး ပတ်ကိုက်
မယ်။

သူမ အတွက်တော့ ထိုနေရာ မှာ အပျော်ရွှင်ဆုံး လူသားပဲ။

အဲဒီနောက်မှာ ​တော့ စုမူကျိ ဆိုတဲ့ ပိုးဟပ် တစ်ကောင် ​ရောက်လာ
ပြီး သူမရဲ့လမ်းကို လာပိတ်တဲ့
အပြင် ​နောက်ကနေ ရက်ရက်
စက်စက် နဲ့ လူမျိုးတုံး လိုက်သတ်
ကတည်းက ထန်းရှောင်ရဲ့ တိုက်ပွဲ
နယ်မြေ ကို ကြိုက်နှစ်သက်မှု က လုံးလုံး ကို ရပ်တန့် သွားတော့
တယ်။

တိုက်ပွဲ နယ်မြေထဲ က
ကစားသမားတွေ က ထန်းရှောင်
​ရောက်လာတာ ကို မြင်လိုက်တဲ့
အချိန်မှာ ပဲ ရင်တုန် ပန်းတုန်
ဖြစ်လာတယ်။

သူတို့တွေ တုံ့ဆိုင်း ​နေကြပေမဲ့
လည်း အဆုံးမှာတော့ လိုင်းပေါ်
ကနေ ဆင်းလိုက်ဖို့သာ ဆုံးဖြတ် လိုက်ကြတယ်။

သက်ပြင်းချရုံသာ လွဲပြီး ဘာမှ မတတ်နိုင်ဘူး။

အခုကတည်း က လိုင်းပေါ် က
ဆင်းပြီး နှုတ်ဆက် စကားပြော
လိုက်တာ က အကောင်းဆုံး
နည်းလမ်း ဖြစ်မယ် ဆိုတာ
သူတို့ သိနေတယ်လေ။

[လက်ရှိ]​ပေါက်စီတားမြစ်နယ်မြေ: "ချီးပဲ! သင်္ဘောပဲ့ချိုးထား တဲ့
ထန်းရှီ ​ရောက်လာပြီ!
မြန်မြန် ထွက်ပြေးကြတော့ ငါးကောင်တို့!"

[လက်ရှိ] ပန်းလက်ဖက်ရည်လေး: "My god! Ranzhi ရဲ့
နတ်ဘုရားမ စုမူကျိ လည်း ရောက်လာတယ်! မြန်မြန် လာ ကြည့်ကြဟေ့! သူတို့နှစ်ကောင်
ထပ်ပြီး ကိုက်ကြတော့မှာ!"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now