Chapter 51

325 73 0
                                    

"သူ့ကို မှောက်သွားအောင် တိုက်ချပလိုက်"

တိုက်ရိုက်ထုတ်လွှင့်မှု live streamအပြီးမှာတော့ ရလဒ်တွေက အတော်လေး ကောင်းနေခဲ့တယ်။

Spirit Roadမှာ new userအသစ်တွေနဲ့ ထန်းရှောင်တို့ပါဝင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုမှစတင်ကြည်ရူ့လိုက်တဲ့ new userတွေ အသစ်တွေလည်း ရှိနေခဲ့တယ်။

LanRe Serverမှာတော့ ထန်းရှောင်ကို တွေ့ဖို့ ကစားသမားများစွာက ကြိတ်ကြိတ်တိုးလာရောက်နေကြတာကြောင့် လူအုပ်က ကြက်ပျံမကျစည်းကားလို့နေတယ်။

Old Serverတစ်ခုက New Server အသစ်တွေထက်တောင် ပိုပြီးနံမည်ကြီးနေတော့တယ်။

ထန်းရှောင်က ဂေါ်ဖီထုပ်တချို့ကို ခိုးယူဖို့ သူမရဲ့ alt accountထဲ ဝင်လိုက်ပေမဲ့ လူတစ်အုပ်နဲ့တွေ့ပြီး ဖြဲခြောက်ခံလိုက်ရတယ်။

Spirit Roadမှာဆိုရင် ကစားသမားplayerတိုင်းမှာ ကိုယ်ပိုင်ဥယာဉ်ခြံတစ်ခုဆီ ပိုင်ဆိုင်ထားကြပြီး အဲ့ခြံထဲမှာ ကိုယ့်စိတ်ကြိုက် ဟင်းသီးဟင်းရွက်တွေ, ပန်းပွင့်တွေကိုပါ စိုက်ပျိုးနိုင်တဲ့အပြင် ကိုယ့်ရဲ့ဥယာဉ်ကို ပိုပြီး ပြီးပြည့်စုံအဆင့်မြင့်လာအောင် upgradeပါ လုပ်နိုင်တယ်။

ထန်းရှီaccountက ခိုးယူခံလိုက်ရပေမဲ့ ထန်းရှောင်က သူမရဲ့ခြံထဲမှာ ဟင်းသီးဟင်းရွက်တစ်ချို့ကို တိတ်တိတ်လေး ခိုးပြီးစိုက်ထားကာ ရလာတဲ့အသီးအနှံတွေကို ခိုးဖို့ သူမရဲ့alt accountနဲ့ ကြံစည်ထားတာဖြစ်တယ်။

လက်ရှိအချိန်က ညအချိန်ဖြစ်နေကာ ထန်းရှီရဲ့အိမ်နေရာကတော့ ပျံကျဈေးလိုပင်။

သူမရဲ့အိမ်ခြံဝင်းပတ်ပတ်လည်မှာ ကစားသမားများစွာ ရောက်ရှိနေကြကာ အပန်းဖြေခရီးထွက်လာကြသလို အနားယူနေကြပြီး တချို့က PKတောင် တိုက်နေလိုက်ကြသေးတယ်။

ထန်းရှောင်က သူမရဲ့အရံကုသပေးသူ accountကို အသုံးပြုနေကာ ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာ ရှောခ့်ရသွားတယ်။

LanRe Serverက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်အလည်ပတ်ဆုံးနေရာတစ်ခုလို ဖြစ်နေကာ ထိုထဲမှာမှ ထန်းရှီရဲ့နေအိမ်က ခရီးသွားတွေကြား ရေပန်းအစားဆုံးအဆွဲဆောင်ဆုံး နေရာတစ်ခု ဖြစ်နေတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now