Chapter 8

620 132 8
                                    

"​Accountဟက်ခ်ခံလိုက်ရပြီး အရာအားလုံးခိုးယူခံလိုက်ရခြင်း:
အမြီးတုတ်​တုတ်​ဖမ်းကြမယ်​"

ထန်းရှောင်ရဲ့ကုမ္ပဏီ က သူမကို
ပရိတ်သတ်ရှေ့ ပွဲထုတ်နိုင်ဖို့
အတွက် ​ငွေအများကြီး
အကုန်ခံကာ ရင်းနှီးခဲ့တယ်။ လတ်တလောမှာတင် သူမကို Programတစ်ခုမှာ ပါရအောင်
လုပ်ပေးခဲ့ပြီး ထိုအစီအစဉ်
အတွက် မူချောင် ကိုတောင်
သူတို့က ရအောင် ဖိတ်ခဲ့သေး
တယ်။

ရှောင်လင် ​ရောက်လာတော့ သူမလက်ထဲမှာ သစ်သီးပန်ကိတ်
​တွေ အပြင် စာအိတ်တစ်အိတ်ပါ
ပါလာတယ်။

"ရှောင်လင်! မူချောင် ရဲ့
လက်ထောက် က နင့်ကို တစ်ခုခု
​ပေးလိုက်တာလား!"
ထန်းရှောင် က ပျော်ရွှင်စွာနဲ့
အပြေးလေး ​ရောက်လာတယ်။

ရှောင်လင်က သူမလက်ထဲက
စာအိတ်ကို​ပေးလိုက်ပြီး
"တကယ်.. အဲ့လက်ထောက်က
တစ်ခုခုပဲ။ ငါများ သူ့ဆီကနေ
ပိုက်ဆံချေးထားတာ ရှိလို့လား?
မနေ့က သူငါ့ဆီလာတုန်း ကဆို သူ့မျက်နှာတစ်ခုလုံး အိုးဖင်​ကြီး
လို မည်းမှောင်​နေတာပဲ။
ငါဖြင့် လန့်လွန်းလို့​ ​သေတော့မလို
​တောင်ဖြစ်သွားတာ"

"နောက်တစ်ခါတွေ့ရင် သူ့ကို
​ခွေးချေးမစားဘူးလား လို့သာ မေးလိုက်။
သူကနင့်ကို သေခါနီးဖြစ်​အောင်
လုပ်မှာ မဟုတ်ဘူး, တကယ်
​သေသွားအောင် လုပ်လိုက်မှာ"

"....."

ထန်းရှောင်က မူချောင်ရဲ့ပိုစတာ
​တွေ ပါတဲ့ စာအိတ်ကို ကလေး
တစ်ယောက် လို ပျော်ရွှင်စွာနဲ့
ဖွင့်​ဖောက်​လိုက်တယ်။

ပုံတွေအကုန်လုံး က မူချောင်ရဲ့
မျက်နှာကို ကွယ်​ထားကာ
ခန္ဓာကိုယ် အ​ပေါ်ပိုင်း တစ်​ဖြတ်​
သာ ပါပြီး အဝတ်​ဗလာနဲ့ လွန်​စွာ
ကိုဆက်​စီကျ လွန်း​နေတယ်​။
သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံး ကို
Absတွေချည်း နဲ့ ဖွဲ့စည်းထားပြီး သေချာကြည့်မယ် ဆိုရင်
Six packsတွေ က ​အောက်နား
က အတွင်းခံ ​ဘောင်းဘီ ရှိရာ
ဆီသို့ ပုံစံတကျ သက်ဆင်းသွား
ကာ ပန်းပုထုဆစ်​ ထားသကဲ့သို့
"V line"ကို​ ​တွေ့မြင်​နိုင်​​လေ
တယ်​။

ပုံတိုင်း မှာ မူချောင်ရဲ့လက်မှတ်
ပါနေပြီး ​သေ​သေချာချာ သပ်​သပ်​
ရပ်​ရပ်​​လေး တန်းစီပြီး ဖြန့်ကြည့်
လိုက်တဲ့ အခါမှာတော့ မူချောင်ရဲ့
အဝတ်မပါတဲ့ ပိုစတာပုံက
ဆယ်ပုံကြီးများတောင်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now