Chapter 27

443 100 14
                                    

"ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေး ၏ မင်္ဂလာဧည့်ခံပွဲအား တက်ရောက် အားပေးခြင်း"

ဒီရက်တွေမှာ ထန်းရှောင် အွန်လိုင်းပေါ်ကို သိပ်မရောက်
ဖြစ်ဘူး။ သူမ လိုင်းပေါ် ရောက်ရင်
​တောင် ခဏလောက်ပဲ ဂိမ်းဆော့
ပြီး ပြန်ဆင်းသွားတယ်။

ဒါပေမဲ့ အဲလို လုပ်ဖြစ်နေတာ
ကလည်း သူမ မင်္ဂလာဆောင်ကို ဘယ်လို တက်ရောက်ရမလဲဆိုတဲ့ အစီအစဉ်ကို မဆုံးဖြတ်ရသေးခင်
ထိပဲ။ အစီအစဉ် ဆွဲပြီးတဲ့ နောက်မှာတော့ ဒီတလောအတွင်း
သူမ ရင်ဘတ်ထဲ ခဲဆွဲထားသလို
လေးလံ​နေတဲ့ ဝန်ထုတ် ဝန်ပိုးတွေ အကုန်လုံးကို လွှင့်ပစ်လိုက်ပြီး ပျော်ပျော်ကြီး ဂိမ်းဆော့တော့
​လေတယ်။

Ranzhi နဲ့ Menghu Clan
နှစ်ခု ကတော့ နေ့တိုင်းလိုလို အမြီးကိုးချောင်း ​မြေခွေးကို တိုက်ခိုက်နေကြတုန်းပဲ။
ပြီးတော့လည်း တစ်ခါတစ်လေ လမ်းမှာတွေ့တဲ့ တားမြစ်မြို့
​တော်က ကောင်တွေကို လမ်းကြုံ ဝင်ရိုက်သွားကြသေးတယ်။

ထန်းရှောင် လိုင်းပေါ် ရောက်သွား
တဲ့ အချိန်မှာတော့ စုမူကျိက
သူမကို အုပ်စုဖွဲ့ အခန်းထဲကို
invite လုပ်ထားတာကို တွေ့လိုက်ရတယ်။
သူမ ထိုအုပ်စုဖွဲ့ထဲကို ဝင်လိုက်
တာ နဲ့ ရင်းနှီးနေတဲ့ မျက်နှာတွေက ထိုနေရာမှာ ရှိနေကြတယ်။

နတ်ပြည်ကဘိုးအေကြီး ,
ရွှေတုံးလေးနဲ့ ခွဲခွာခြင်းတေးသံ အပါအဝင် ရွှေရောင်နေ့ရက်လေး
များ တို့အကုန်လုံး လူစုံတက်စုံနဲ့ ရောက်နေကြတယ်။

[Party] ခွဲခွာခြင်းတေးသံ:
“ထန်းရှီ~ ငါ မင်းမျက်နှာ ကို
​တောင် မမြင်ရတာ အတော်ကြာ
​နေသလိုပဲ”

[Party] ထန်းရှီ: “….အလုပ် နည်းနည်းရှုပ်နေလို့လေ။ အဟွတ်, အဟွတ်, အဟွတ်”

သူမ ထိုစာကို ရိုက်နေချိန်မှာ
​တော့ လက်တစ်ဖက် ကနေ အာလူးကြော်ထုတ်ကို ကိုင်ထား
ကာ ပါးစပ်မှလည်း တကျွတ်ကျွတ် ဝါးစားနေရင်း သူမ စိတ်ထဲ မလုံမလဲဖြစ်တဲ့ အရိပ်အယောင်
​လေး အနည်းငယ်မျှပင် မရှိပေ။

[Party] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: “ထန်းရှီလေး, ငါကြားတာ မင်းနဲ့ စုမူကျိက တစ်မြို့ထဲဆို။ ခြေသလုံးမွှေးကောင်ရဲ့ မင်္ဂလာ
​ဆောင်ကျရင် မင်းကို စုမူကျိကို ခေါ်ခိုင်းလိုက်ပါလား။ အတူ
လာကြရင် အဆင်ပြေသားပဲ”

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now