EXTRA _ 8

17.2K 1.3K 104
                                    

Unicode
********

1 လကြာပြီးနောက်***

G & S Hotel အပေါ်ဆုံးထပ်က အဖြူရောင်
အခန်းကြီးထဲတွင် ဆံပင်မိုးပြာရောင်လေးနဲ့
ကောင်လေးက ဘေးမှနှစ်နှစ်ချိုက်ချိုက်အိပ်
ပျော်နေတဲ့ လူကြီးကိုမေးထောက်ကာ ငေးလို့
နေသည် ။ ၁ လနီးပါးလောက်အလုပ်တွေပစ်
ကာ ခရီးထွက်ခဲ့ပေမယ့် ဦး ကသူ့အစီစဥ်ထား
တဲ့ကိစ္စတွေကိုတော့ မရပ်တန့်စေခဲ့ဘူး ။

ဦး က လက်ထပ်ဖို့အတွက်အဆင်သင့်ဖြစ်နေ
ပြီဆိုတဲ့အသိပေးစကားပြောပြီး နောက်တစ်
ရက် က ငယ် တို့ရဲ့မင်္ဂလာနေ့ရက်လေး...။
ယောက်ျားတို့အိန္ဒြ ရွှေပေးလို့မရဆိုတဲ့အတိုင်း
ကျွန်တော် ဦး စကားကိုချက်ချင်းလက်ခံပစ်
လိုက်တယ်....ဟီး..ဟီး...။

ဒီနေ့က ကျွန်တော်တို့နှစ်ယောက် လက်ထပ်
မယ့်နေ့...။ ကျွန်တော့် ပဲ့ကိုင်ရှင်လေးကတော့
အိပ်လို့ကောင်းနေတုန်း...။ ဒီတော့ ဦး အတွက်
ကျွန်တော့်ရဲ့ Suprise လေးကိုပြင်ဆင်ချိန်
ကောင်းကောင်းရတာပေါ့ဗျာ...။ ဦး မနိုးအောင်
နဖူးလေးဖွဖွငုံ့နမ်းကာ အခန်းထဲကတိတ်တိတ်
လေးထွက်သွားလိုက်တော့သည် ။

..............................

ရင်ခွင်ထဲတိုးဝင်အိပ်စက်နေမယ့် ကာလနဂါး
လေးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ဖို့
လက်တွေကိုလှုပ်ရှားလိုက်ပေမယ့် ဂုဏ် တွေး
ထားသလိုနဂါးလေးကမရှိတော့... ။ စိုးရိမ်စိတ်
နဲ့အတူ ထထိုင်လိုက်တော့ အခန်းတစ်ခုလုံး
ရှင်းလင်းနေကာ လူရိပ်လေးတောင်ရှာမတွေ့
သလို ကုတင်ပေါ်ကအမြန်ဆင်းကာ ရေချိုး
ခန်းတံခါးဆွဲဖွင့်လိုက်သည်ထိ မြတ်နိုးရာလေး
ကိုရှာမတွေ့သေးပေ...။

** တီး..တီး..**

ညအိပ်မီးအိမ်တင်ထားတဲ့ စားပွဲလေးပေါ်က
ဖုန်းထဲ Message ဝင်လာတဲ့အသံကြောင့် အ
မြန်ယူကြည့်လိုက်သည် ။ ဟက်...ငယ် က
တော့လုပ်ချလိုက်ပြန်ပြီ လက်ထပ်ပွဲအတွက်
ပြင်ဆင်နေပြီမလို့ ဂုဏ့် ကိုလဲအဆင်သင့်ဖြစ်
အောင်လုပ်ထားပါတဲ့လေ...။

ဂုဏ် ကဖုန်းကိုကြည့်ပြီးပြုံးလိုက်ကာ လက်
ထပ်ပွဲအတွက်အဆင်သင့်ပြင်ဖို့စဥ်းစားလိုက်
တော့သည် ။ ခပ်နွေးနွေးရေးစက်ကလေး
တွေအောက်ရပ်နေတဲ့ ဂုဏ် ကစိတ်လှုပ်ရှား
နေ၍လား...ပျော်ရွှင်နေတာကြောင့်လား မ
သိပေမယ့်နှုတ်ခမ်းတွေကော့ညွှတ်လို့နေ
သည် ။ ဆံဖျားကတစ်ဆင့်ကျဆင်းနေတဲ့
ရေစက်ကလေးတွေက ဂုဏ့် ကြွက်သားအ
မြောင်းတွေကြားကနေ စမ်းချောင်းလေးသ
ဖွယ် စီးဆင်းနေကြသည်။

💞 Eternal Love 💞 { Completed }Where stories live. Discover now