EXTRA _ 10

18.9K 1.3K 148
                                    

Unicode
********

လမ်းမကြီးပေါ်တရိပ်ရိပ်ပြေးနေတဲ့ ပြိုင်ကား
အပြာရောင်လေးက လိုတာထပ်ပိုပြီးအရှိန်
များလို့နေသည် ။ သို့သော် မောင်းနှင်နေသူရဲ့
စိတ်ထဲမှာတော့နှေးနေသေးသယောင်..။
လက္တစ္ဖက်ကတစ်စုံတစ်ယောက်ဆီကို ဖုန်း
အဆက်မပျက်ခေါ်ဆိုနေပြီး အလိုမကျတိုင်း
နှုတ်ဖျားကနေ ဆဲရေးနေသေးသည်။

" ဦး ရေ ဖုန်းကိုင်ပါ...အင့် "

အမြင်အာရုံကိုဝေဝါးလာစေတဲ့ မျက်ရည်တွေ
ကိုအမြန်ဖယ်ရှားလိုက်ပြီး လက်ထဲကဖုန်းကို
အဆက်မပျက်ခေါ်နေခဲ့သည် ။ လိုရာခရီးကို
ရောက်တာနဲ့ ကားပေါ်ကအမြန်ဆင်းကာ အိမ်
ထဲပြေးဝင်လိုက်သည့်တိုင် အရိပ်အယောင်မျှ
မရှိတဲ့ ဧည့်ခန်းကျယ်ကြီးကြောင့် အပေါ်ထက်
ကိုပြေးတက်သွားလိုက်တော့သည်။

** ဒေါက် ဒေါက် **

" ဦး... ငယ် ဝင်ခဲ့မယ်နော် "

တံခါးလက်ကိုင်ကိုဖြည်းဖြည်းချင်းလည့်ဖွင့်
ကာအထဲကို အရင်ချောင်းကြည့်လိုက်တော့ ပိုး
လေး မျက်လုံးတွေ ဝိုင်းစက်သွားရသည် ။ ဦး
ကဗီရိုထဲကအဝတ်တွေထုတ်နေသည်တဲ့..။

" ဦး... ဘယ်သွားမလို့လဲ "

ခရီးဆောင်အိတ်ထဲအဝတ်တွေထည့်နေတဲ့ ဦး
လက်ကိုပြေးဆွဲလိုက်တော့ ဦး ကသူ့လက်ကို
ရိုက်ထုတ်ပစ်သည်။

" ဦး ဘာတွေလုပ်နေတာလဲ ..မဟုတ်မှလွဲရော
ငယ့် ကိုထားခဲ့မလို့လား.."

အဝတ်ထည့်နေတဲ့လက်ကိုအတင်းဆွဲပြီး ငိုမဲ့မဲ့
ဖြစ်နေတဲ့ ငယ့် မျက်နှာကြောင့် ဂုဏ် အမြန်အ
ကြည့်လွဲလိုက်ရသည် ။ ဒီကလေးငိုတော့မယ်
ဆိုရင်ကို ဂုဏ့် နှလုံးသားကမခံနိုင်တော့တာ..။

" မထည့်နဲ့လို့!!.... အင့်... ဟင့်..."

အိတ်ထဲကအဝတ်တွေယူပြီးလွင့်ပစ်ကာ အော်
ဟစ်လာတဲ့ ငယ် ကမျက်ရည်တွေလဲကျလို့နေ
သည် ။ သူလေးကဘဲစိတ်ဆိုးရတယ်ရှိသေး
တယ် သူလုပ်တဲ့ကိစ္စတွေကိုရောကိုယ်ကစိတ်
မဆိုးရတော့ဘူးလား...။

" ပိုးပြည့်စုံ ငါ မင်း နဲ့စကားမများချင်ဘူး "

" ဦး ငယ် တောင်းပန်ပါတယ်နော်.. ငယ် က
တမင်မပြောတာမဟုတ်ပါဘူး.. ဦး လက်ခံမှာ
မဟုတ်မှန်းသိနေလို့ ငယ် က... "

💞 Eternal Love 💞 { Completed }Where stories live. Discover now