Chapter (15) Z+U လူလိမ်/ လူလိမျ

5K 904 17
                                    

Zawgyi

လူလိမ်

"ဘာဖြစ်လို့လဲ" လီကျောင်းက ရန်ထင်းသည် ပုစွန်ကင်လည်းမယူ စကားလည်းမပြောဘဲ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရ၏ ။ လီကျောင်းက သူ့မျက်နှာကို ယုံကြည်ချက်မရှိစွာ ထိလိုက်ပြီး "ငါ့မျက်နှာမှာ ထူးဆန်းတဲ့အရာတစ်ခုခု ရှိနေလား။" ဟုမေးလိုက်သည်။

"ဟုတ်တယ်။" ရန်ထင်းက ပုစွန်ကင်ကို ယူကာ အဝေးကို ကြည့်လိုက်သည်။

"ဘာများလဲ" လီကျောင်းသည် သူ့မျက်နှာကိုထိလိုက်ပြီး ဖုန်းကို ထုတ်ကာ ကြည့်လိုက်သော်လည်း ဘာမှမတွေ့ခဲ့ပါ ။

"ထင်းထင်း ၊ မင်းမှာ ဒီလောက်မျက်ခုံးထူထူနဲ့ မျက်လုံးကြီးကြီးတွေ ရှိနေမယ်လို့ ငါမထင်ခဲ့မိဘူး။ မင်းက ဒီပုံစံနဲ့ လူတွေကို လှည့်စားနိုင်လိမ့်မယ်။"

ရန်ထင်းက ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောဘဲ ပုစွန်ကိုစားလိုက်သည်။

"အဲ့ဒီမှာ မင်းရဲ့အလှရှိတယ်။" ကျန်းရှောင်ယွမ်သည် လီကျောင်း၏နဖူးကိုရိုက်ပြီး အရက်တစ်ခွက် သောက်လိုက်သည်။

"မစ္စတာရန်၊ ဒါကငါတို့ ပထမဆုံးတွေ့ဆုံတာပါ ။ ကျောင်းကျောင်းက ဒီကိုမလာခင် မင်းကိုအရက်မတိုက်ရဘူးဆိုပြီး ငါ့ကို သတိပေးထားတယ်။ အဲ့ဒါကြောင့် ဝိုင်အစား လက်ဖက်ရည် ပေးမယ် ။ ဒီကလေးက ဖြောင့်မတ်ပြီး ရိုးရှင်းတဲ့စိတ်ဓါတ်ရှိတယ် ။အကယ်၍ အနာဂတ်မှာ သူက မင်းကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိရင် ကျေးဇူးပြုပြီး သည်းခံပေးပါ။"

ရန်ထင်းသည် ယွမ်အနည်းငယ်သာ ကျသင့်သော ဆေးဖက်ဝင်လက်ဖက်ရည်ခွက်ကို ကိုင်ကာ ကျန်းရှောင်ယွမ်၏ခွက်နှင့် တိုက်ပြီး ဖြေလိုက်သည်။ "လီကျောင်းက အရမ်းကောင်းပါတယ်။"

ကျန်းရှောင်ယွမ်က ရယ်မောကာ "ငါက သူ့အေးဂျင့်ဆိုပေမဲ့ သူ့ကို ငါ့ရဲ့ညီလေးတစ်ယောက်လို ဆက်ဆံခဲ့တယ်။ ကံမကောင်းစွာနဲ့ သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျော်ကြားမှုတစ်ခုမှ မရခဲ့ဘူး။ အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်ရင် ငါ့ကိုပြောပါ၊ ငါ တတ်နိုင်သလောက် ကူညီပါ့မယ်။ "

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now