Chapter (35) Touching Porcelain

3.9K 649 63
                                    

Touching Porcelain 

ကျယ်လောင်သည့် တံခါးခေါက်သံကြောင့် လီကျောင်း နိုးလာခဲ့သည်။ သူက လက်ကိုဆန့်ကာ ခေါင်းအုံးဘေးရှိ ဖုန်းကို ထိလိုက်၏။ သူက မျက်လုံးတစ်ဝက်မှေး၍ ဖုန်းကို ကြည့်လိုက်ပြီး ညဆယ့်နှစ်နာရီထိုးခါနီးပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒီအချိန်ကျမှ ဘယ်သူက သူ့တံခါးကို လာခေါက်တာလဲ။

လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ ရိုက်ကူးရေးတွင် ယောင်ရှရှကြောင့် ဖြစ်ခဲ့ရသည့် ကြောက်ရွံ့မှုကို သူ ချက်ချင်း သတိရသွား၏။ သူက တံခါးဝရှိ မျက်လုံးပေါက်ကို ဂရုတစိုက် ချောင်းကြည့်လိုက်ပြီး စုန့်ယွီ၏ ရွဲ့စောင်းနေသောမျက်နှာကို မြင်လိုက်ရသည်။

လီကျောင်းက တံခါးဖွင့်လိုက်သည်။ “အစ်ကိုစုန့်၊ အစ်ကို ကျွန်တော်ကို ဘာလို့ လာရှာတာလဲ။ အထဲဝင်ပြီး စကားပြောကြတာပေါ့။"

လီကျောင်း၏ အိပ်ချင်နေသော မျက်လုံးများကို မြင်သောအခါ စုန်ယွီက ဒေါသထွက်ထွက်နှင့် ပြုံးလိုက်သည်။ “အိပ်နေတယ်ပေါ့၊ မင်းက ဆက်တိုက်အိပ်နိုင်တဲ့ ဝက်တစ်ကောင်လား။”

"ညသန်းခေါင်ရောက်နေပြီလေ။ အစ်ကို ဘာလို့ မအိပ်သေးတာလဲ။" လီကျောင်းက စုန့်ယွီ၏ဒေါသကြီးမှုကို ရှေးကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ သူက နောက်လှည့်ကာ ဗီရိုပေါ်မှ အဖုံးမဖွင့်ရသေးသောရေဘူးကို ယူပြီး စုန့်ယွီအား ကမ်းပေးလိုက်၏။  "ရေနည်းနည်းသောက်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားပါ။"

"မင်းငါ့ကို ဟိုတယ်က အခမဲ့ပေးတဲ့ တွင်းထွက်ရေကို ပေးနေတာလား။" စုန့်ယွီက လက်ထဲတွင် ရေဘူးကို ကိုင်ကာ သူ့မျက်လုံးများကို မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ "လီကျောင်း ၊ မင်းဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။"

"တွင်းထွက်ရေက ဘာဖြစ်လို့လဲ။ အဲ့ဒါက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရေငတ်ပြေစေတယ်။" လီကျောင်းက စုန့်ယွီ၏ကျယ်လောင်သောအသံသည် အခြားသူများအား နိုးသွားစေမည်ကို စိုးထိတ်ခဲ့သည်။ သူက တံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး စုန့်ယွီကို ပြုံးပြလိုက်၏။ “အစ်ကိုစုန့်၊ အစ်ကို မသောက်ချင်ရင် ကျွန်တော်နဲ့ ထားခဲ့လိုက်လေ။ ကျွန်တော် မနက်ဖြန် ရိုက်ကူးရေးအဖွဲ့ကို ယူသွားလိုက်မယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now