Chapter (38-1) နှစ်ပတ်လည် တွေ့ဆုံပွဲ

3.8K 587 2
                                    

နှစ်ပတ်လည် တွေ့ဆုံပွဲ

ချင်ရှောင်းက ရန်ထင်းကို ဓာတ်လှေကားတံခါးကူဖွင့်ပေးပြီး သူ့နောက်သို့ မသိမသာလိုက်သွားချင်ခဲ့၏။ သို့သော် ရန်ထင်းက ရပ်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

"ဆရာ၊ ကျေးဇူးပြုပြီး။" ချင်ရှောင်းသည် သူဌေးက သူ့အား အောက်ထပ်သို့ မလိုက်စေချင်ကြောင်း သဘောပေါက်သဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။ ဓာတ်လှေကားတံခါးက သူ့မျက်စိရှေ့တွင် ဖြည်းဖြည်းချင်းပိတ်သွားပြီး အထပ်နံပါတ် တဖြည်းဖြည်းကျဆင်းလာကာ မစ္စတာထင်းက ထိုစတားပေါက်စလေးနှင့် ပို၍နီးကပ်လာကြောင်း ညွှန်ပြနေပေသည်။

သူက နှာခေါင်းပေါ်ရှိ မျက်မှန်ကိုချွတ်လိုက်ပြီး ဖုန်သုတ်ရန် ပြင်လိုက်သည်။ မော့ကြည့်လိုက်ချိန်တွင် ရုံးဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးက ဝန်ထမ်းများအတွက် လျှောက်လမ်းနှင့် ဆက်သွယ်ထားသည့် စင်္ကြံအဆုံး၌ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ 

"ဝိန်ထျန်းလား။" ချင်ရှောင်းက သူ၏မျက်မှန်ကို ပြန်တပ်လိုက်ပြီး လေးနက်စွာ ကြည့်လိုက်သည်။ "မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။"

"အထူးလက်ထောက်ချင် ၊ ဒါကပြည်သူ့ဆက်ဆံရေးဌာနက ပေးပို့တဲ့ စာရွက်စာတမ်းပါ။ကုမ္ပဏီနှစ်ပတ်လည်တွေ့ဆုံပွဲအကြောင်းပါ။ သတင်းထောက်တွေကို ဝင်ခွင့်ပြုမှာလား။ မအားလို့ စောစောပြန်ရဖို့ မျှော်လင့်တဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လည်း ရှိပါတယ်။" ဝိန်ထျန်းက အစီရင်ခံစာကို ချင်ရှောင်းအား ပေးလိုက်၏။

ချန်ဟွမ်းလက်အောက်တွင် အမှတ်တံဆိပ်များစွာ ရှိပြီး အမှတ်တံဆိပ်များစွာ၏ ပြောရေးဆိုခွင့်ရှိသူများက အတူတူ တက်ရောက်ကြမည်ဖြစ်သည်။ ၎င်းက ဖျော်ဖြေရေးပွဲတော်အသေးစားလေးတစ်ခုကဲ့သို့ပင်။ ထို့ကြောင့် ချန်ဟွမ်း၏နှစ်ပတ်လည်တွေ့ဆုံပွဲသည် နှစ်တိုင်း မီဒီယာများ၏အာရုံစိုက်ခြင်းကို ခံခဲ့ရ၏။ ဝင်ပေါက်ရှိကော်ဇောနီ၌ပင် မီဒီယာအများအပြားက ကျူးကျော်ဝင်ရောက်နေခဲ့သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now