Chapter (71-2) Z+U နွေးထွေးမှု /နွေးထွေးမှု

3.7K 759 9
                                    

Zawgyi

နွေးထွေးမှု

လီကျောင်း၏သတင်းမှာ အင်တာနက်တစ်ခုလုံးကို ဇောက်ထိုးမှောက်ခုံ လုပ်ပစ်လိုက်သည်။ ထိုအချိန်၌ ကာယကံရှင်က ဘာတစ်ခုမှမသိဘဲ ရန်ထင်း၏ခေါ်ဆောင်မှုကြောင့် ရေကန်ထဲသို့ ရောက်လာခဲ့၏။ လှေပေါ်တွင် ရှေးဟောင်းမီးပုံးများ ချိတ်ဆွဲထားပြီး ရေကန်ဘောင်ကို မီးထိန်ထိန်လင်းနေသော ကော်ဖီဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဘားများဖြင့် ကာရံထားသည်။ ဇိမ်ခံပစ္စည်းမျိုးစုံရှိရာ နေရာတစ်ခု ဖြစ်၏။

လီကျောင်းသည် သမ်းဝေရင်းနှင့် ရန်ထင်း၏မျက်နှာကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ "ထင်းထင်း မင်းစိတ်မကောင်းဖြစ်နေတာလား။"

သူဘာလို့ ဒီရေကန်အလယ်ကို အပြေးလေး လာရတာလဲ။ 

ရန်ထင်းက ခေါင်းခါပြလိုက်၏။ လီကျောင်း က သူတို့စီးနေသောလှေ၏ပဲ့ကိုင်သမားဘက်ကို အကြည့်လွှဲလိုက်သည်။ တစ်ဖက်လူက လှေ၏ပဲ့ပိုင်းတွင် ထိုင်နေပြီး သူတို့ကို ကြည့်လည်းမကြည့် အနှောင့်အယှက်လည်း မပေးချေ။ လှော်တက်များက ရေကန်တစ်လျှောက် ရွေ့လျားနေပြီး ဆူညံသံကို ဖြစ်ပေါ်စေ၏။ လီကျောင်းသည် ရေကန်၏ ညဘက်ရှုခင်းကို ဓါတ်ပုံရိုက်လိုသဖြင့် သူ့ဖုန်းကို ထုတ်လိုက်သည်။

ရန်ထင်းက လက်ဆန့်ထုတ်ပြီး လီကျောင်းဖုန်းကို ယူလိုက်သည်။

"ထင်းထင်း…" လီကျောင်းက ယနေ့ညတွင် ရန်ထင်း အနည်းငယ် ထူးဆန်းနေသည်ကို တွေ့ရှိခဲ့သည်။ လက်ကိုင်ဖုန်းကို ရန်ထင်း၏ အင်္ကျီအိတ်ကပ်ထဲတွင် ထည့်ထား၏။ ရန်ထင်းနှင့် လီကျောင်းသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဆိုးဆိုးရွားရွားဖြေဆိုခဲ့သော သားဖြစ်သူအား နှစ်သိမ့်ပေးနေသည့် ဖခင်တစ်ဦးကဲ့သို့ ဘေးချင်းကပ်ထိုင်လိုက်သည်။

"ငါနဲ့အတူထိုင်ရအောင်။" ရန်ထင်းသည် လှေပတ်ပတ်လည်တွင် ကာရံထားသော ကန့်လန့်ကာကို ဖွင့်လိုက်သည်။ ရေကန်သည် တလက်လက် တောက်ပကာ သက်ဝင်ဆူညံနေသော်လည်း ၎င်းက သူတို့နှင့် မဆိုင်သကဲ့သို့ပင်။

"ဘာမှားနေလို့လဲ။" လီကျောင်းက ရန်ထင်းကို စိုးရိမ်တကြီး ကြည့်လိုက်၏။ "မင်းမှာ စိတ်မချမ်းသာစရာ တစ်ခုခုရှိရင် ငါ့ကိုပြောလေ။ မင်းပျော်လာအောင် ငါချော့ပေးမှာပေါ့။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now