Chapter (87) Z+U မိုက္မဲမႈ / မိုက်မဲမှု

2.6K 577 21
                                    

Zawgyi

မိုက္မဲမႈ

"မင်းမိဘတွေက သူများပစ္စည်း မလုရဘူးလို့ မင်းကို မဆုံးမထားဘူးလား။" ရှုပေက သူ့ဖုန်းကို လုယူရန် ကြိုးပမ်းလာသဖြင့် ရှုပေ၏လက်မောင်းကို လက်ဖြင့်ဖမ်းဆုပ်ကာ ထိုလက်ကို လိမ်ပြီး မြေကြီးပေါ် ဒူးထောက်ကျသွားစေရန် ဒူးဖြင့်တိုက်လိုက်သည်။ 

ရှုပေသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံဘဝတွင် နေထိုင်ခဲ့ရသောကြောင့် လီကျောင်းအား ပြန်လည်ခုခံရန် ခွန်အားမရှိချေ။

အပြင်မှာစောင့်နေသည့် အေးဂျင့်က လီကျောင်းနှင့်ရှုပေတို့ ရန်ဖြစ်နေသည်ကို တွေ့သောအခါ စိုးရိမ်မှုအပြည့်နှင့် အထဲသို့ အပြေးဝင်ရန် ကြိုးစားသော်လည်း တခယ်၏တားဆီးမှုကို ခံလိုက်ရသည်။

“ဒါက အနုပညာရှင်တွေကြားက ဆက်ဆံရေးလေ။ ငါတို့က လက်ထောက်နဲ့ အေးဂျင့်ပဲဆိုတော့ ဘယ်လိုလုပ် ဝင်စွက်ဖက်နိုင်မှာလဲ။" တခယ်က အရပ်ရှည်၏။ သူသည် တရားမ၀င်ပရိသတ်များကို တားဆီးရာတွင် အတွေ့အကြုံ ကြွယ်ဝသဖြင့် အေးဂျင့်ကို တားဆီးရန် သူ့အတွက် လွယ်ကူလှသည်။

အေးဂျင့်က အော်ဟစ်လိုက်သည်။ “အရိုက်ခံရတဲ့သူက မင်းရဲ့အနုပညာရှင်မှ မဟုတ်တာ။ မင်းက ဘယ်အလျင်လိုပါ့မလဲ။"

"ယောက်ျားတွေက…။" တခယ် ပြုံးလိုက်သည်။ “တစ်ချို့ပြသနာတွေကို လက်သီးနဲ့ပဲ ဖြေရှင်းနိုင်တာ။"

"ဖယ်ပေး…။" အေးဂျင့်က တွန်းသော်လည်း တခယ်က တုပ်တုပ်မျှ မလှုပ်ပေ။ သူက လီကျောင်းအတွက် တံခါးကိုပင် ကူပိတ်ပေးလိုက်သေးသည်။

"ဘာလို့ ဒီလောက်တောင် သောကများနေတာလဲ။ ကျောင်းကျောင်းရဲ့ လက်စွမ်းနဲ့သာဆို ဝင်သွားတာနဲ့ မင်းပဲအရိုက်ခံရမှာ။"  တခယ် ပြုံးလိုက်သည်။ "အဲဒီအခါကျရင် ငါကဓာတ်ပုံရိုက်လိုက်မယ်။ မင်းနဲ့ မင်းရဲ့အနုပညာရှင်က ငါ့ရဲ့ကျောင်းကျောင်းကို အနိုင်ကျင့်နေပါတယ်လို့ပေါ့။"

ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်တာလဲ။

လီကျောင်းက ရှုပေကို တစ်ဖက်သတ် ထိုးကြိတ်နေတာ အသိသာကြီးလေ။ 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now