Chapter (70-2) Z+U ထင်းထင်းလား / ထင်းထင်းလား

3.4K 752 15
                                    

Zawgyi

ထင်းထင်းလား

အစပိုင်းတွင် အင်တာနက်ပေါ်၌ အချစ်ပရိုဂရမ်ရှိ ဧည့်သည်များ၏ပရိသတ်များက ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီကို ဖိနှိပ်ခဲ့ကြ၏။ သို့သော် ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီသည် ကြည့်ရှုသူများထံမှ ချစ်ခြင်းမေတ္တာများ ပိုမိုရရှိလာသောကြောင့် သူတို့က ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီအား ပြသနာမရှာဝံ့တော့ဘဲ နောက်ဆုံးတွင် တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြသည်။

ဧည့်သည် A ၏ ပရိတ်သတ်များက ဧည့်သည် B ကို တိုက်ခိုက်ကြသည်၊ ဧည့်သည် B ၏ ပရိတ်သတ်များက ဧည့်သည် A နှင့် C ကို တိုက်ခိုက်ကြသည်။ ထိုအခြင်းအရာမှာ အချစ်ပရိုဂရမ်ကို ထုတ်လွှင့်ပြီးနောက် နေ့တိုင်းနီးပါးဖြစ်ပျက်နေခဲ့သည်။ 

ဧည့်သည်ထံမှ အကြည့်တစ်ချက် သို့မဟုတ် စာတစ်ကြောင်းက ဖုံးကွယ်ထားသည့်ရည်ရွယ်ချက် ဖြစ်လာသည်။ ပရိသတ်များက Weibo ပေါ်တွင် အခြားဧည့်သည်များကို စော်ကားတိုက်ခိုက်ခဲ့ပြီး အခြေအနေမှာ ကမောက်ကမဖြစ်လျက် ရှိ၏။ အချစ်ပရိုဂရမ်အကြောင်း ကြားသိရသည့် ဖြတ်သွားဖြတ်လာများကလည်း ငြင်းခုံမှုများကိုသာ တွေးမိပြီး ပြီးခဲ့သည့်ရာသီက စုဆောင်းထားသည့် နာမည်ကောင်းသည် ပရိသတ်များကြား ငြင်းခုံမှုနှင့် စိတ်ဝင်စားစရာမကောင်းသော အစီအစဉ်များကြောင့် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

ည ၉ နာရီတွင် ဝေးလံခေါင်သီတောင်တန်းတောမြောင်ဆီကို အချိန်နှင့်တစ်ပြေးညီ ပြသခဲ့၏။ အဖွင့်ပိုင်း၌ ဝန်ထမ်းများက ဧည့်သည်၏အိမ်တံခါးကို လာခေါက်နေခဲ့သည်။

"နောက်ဆုံးတော့ ကျောင်းကျောင်းက သပ်ရပ်ကြော့မော့နေအောင် ပြင်ဆင်ထားပြီး သူ့ခရီးဆောင်အိတ်ကို ကြိုပြီး ထုတ်ပိုးထားခဲ့တယ်။"

“ပရိုဂရမ်အဖွဲ့က ယုံကြည်မှုအပြည့်နဲ့ သူတို့ရဲ့မနက်စာကို စားနေတယ်။”

အစီအစဉ်အဖွဲ့က လီကျောင်းအား လေဆိပ်အပြင်ဘက်တွင် ပလတ်စတစ်ဘူးခွံများ ကောက်ရန် တောင်းဆိုခဲ့၏။ ရလဒ်အနေနှင့် မရေမတွက်နိုင်သောလူများက အနီရောင်လည်စည်းများဝတ်ကာ မြေပြင်ပေါ်မှ အမှိုက်များကို ကောက်ယူနေကြောင်း သူတွေ့လိုက်ရသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now