Chapter (34) ထောက်ခံချက်

4.2K 698 29
                                    

ထောက်ခံချက်

ပရိသတ်တစ်သန်းကျော်ရှိသော ဈေးကွက်မြှင့်တင်ရေး အကောင့်များစွာက သူတို့ ကြိုတင်သတ်မှတ်ထားသည့်အတိုင်း လီကျောင်းနှင့် ပတ်သတ်သည့် မကောင်းသတင်းများကို စတင်ထုတ်လွှင့်လာကြ၏။ ဥပမာအားဖြင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသောအမျိုးသမီးဥက္ကဋ္ဌ ဇာတ်လမ်းတွဲ ရိုက်ကူးနေသည့် အတောအတွင်း သူသည် ရိုက်ကူးရေးအဖွဲ့နှင့် အလုပ်တွဲမလုပ်ခဲ့ကြောင်း၊ ကျော်ကြားလာသောအခါ သူသည် စတော်ဘယ်ရီအင်တာတိန်းမန့်၏ပေါင်ကို ဖက်ကာ သူ၏ယခင်ရိုက်ကူးရေးအဖွဲ့ရှိဆင်းရဲသော သူငယ်ချင်းများကို မဆက်သွယ်တော့ကြောင်း စသဖြင့် ဖြစ်သည်။

ရုပ်လွန်ပညာရှင်* ဘလော့ဂါတစ်ဦးက လီကျောင်း၏ယခင်ကုမ္ပဏီသည် သေးငယ်သော်လည်း အမြဲတမ်းအမြတ်ရခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုကုမ္ပဏီသည် လီကျောင်းနှင့် လက်မှတ်ထိုးပြီးနောက် ကျဆင်းသွားပြီး နောက်ဆုံးတွင် ပိတ်ပစ်လိုက်ရ၏။ ထို့ပြင် ကုမ္ပဏီပြိုကွဲပြီးနောက် လီကျောင်းက ရုတ်တရက် နာမည်ကြီးလာခဲ့၏။ ၎င်းက မည်သည်ကို ဆိုလိုသနည်း။ လီကျောင်းက ကုမ္ပဏီ၏ကံကောင်းမှုကို ခိုးယူသည်ဟု ဆိုလိုပေသည်။

(ရုပ်လွန်ပညာ= ဗေဒင် = အကြားအမြင်)

အဆုံးပိုင်းတွင် ရုပ်လွန်ပညာရှင်ဘလော့ဂါသည် 'ကြင်နာထောက်ထား' ပြီး လီကျောင်း၏ ယခင်အလုပ်ရှင် လမ်းကြောင်းအတိုင်း မလျှောက်မိရန် စတော်ဘယ်ရီအင်တာတိန်းမန်အား သတိပေးထားသည်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ ရက်စက်သော နည်းလမ်းတစ်ခုမှာ အနုပညာရှင်တစ်ဦး၏ဘဝကို အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းဖြစ်၏။ မည်သည့်ရင်းနှီးမြုပ်နှံသူက ကံဆိုးမှုများ သယ်ဆောင်လာမည့် အနုပညာရှင်တစ်ဦးနှင့် ပူးပေါင်းဝံ့မည်နည်း။

လီကျောင်း၏ပရိသတ်များသည် သူတို့ဘက်မှ ထိုသို့ ပြောသဖြင့် စက်ဆုပ်ရွံရှာသွားကြသည်။ ပရိတ်သတ်အသိုင်းအဝိုင်းတွင် ရှိနေသူတိုင်းက သူတို့၏ကလေးကို အသရေဖျက်ရန် တစ်စုံတစ်ယောက်က ဤအခွင့်အရေးကို အသုံးပြုနေကြောင်း ရှင်းလင်းစွာ နားလည်ကြပေသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now