Chapter (75-1) Z+U

3.4K 710 28
                                    

Zawgyi

စိတ်အားထက်သန်သော စာမေးပွဲဖြေဆိုသူ

တက်ကြွလှုပ်ရှားနေကြသော မိသားစု ဂရုချက်တွင် ဖြစ်သည်။

ပန်းပွင့်လေးရဲ့အသံ  :  @ရန်ထင်းရေ ရက်ပေါင်းတစ်ရာ ကျော်သွားပြီ။

တစ်လလောက်ဆိုပြီးတော့ လအနည်းငယ်တောင် ကြာနေပြီ။ ကျောင်းကျောင်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာကို ရန်ထင်းက ခုထိ ကျောင်းကျောင်းကို သူဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မပြောပြရသေးဘူး။

ဒီသူဌေးကြီးကတော့ သူက ဘာလို့ ပြောရဲတဲ့သတ္တိမရှိတာလဲ။

လီကျောင်း၏မက်ဆေ့ခ်ျများကို စာပြန်ရန် အချိန်မရှားလေ့ရှိသူ ရန်ထင်းသည် ယခုတစ်ခါက်တွင် ဂရုချက်ထဲသို့ နှစ်နာရီကြာအောင် ပေါ်မလာခဲ့ချေ။ ကျူးရှက သူသည် သူမအား တမင်သက်သက် ရှောင်နေမှန်း သိသော်လည်း ရန်ထင်းနှင့် သီးသန့်စကားပြောရန်အတွက် သူမတွင် လုံလောက်သော သတ္တိမရှိပါ။ 

ပိုကောင်းတဲ့ မနက်ဖြန်  :  အစ်မရှ၊ ရက်တစ်ရာက ဘာကိုဆိုလိုတာလဲ။ ကျောင်းကျောင်းရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအကြောင်း ပြောနေတာလား။ တစ်ပတ်ပဲကျန်တော့တာမို့လို့ ရှောင်ရန်က နေ့တိုင်း မေးခွန်းတွေလုပ်ဖို့  ကျောင်းကျောင်းနဲ့ အတူရှိနေပါတယ်။ စာမေးပွဲရမှတ်တွေကို အစ်မ စိတ်ပူနေမှန်းသိပေမယ့် သူ့ကိုဒီလို ဖိအားမပေးပါနဲ့။

ပထမဆုံး သန်းတစ်ရာ ရှာရမယ်  :  ဟုတ်တယ် အစ်မရှရေ၊ ကျွန်တော်တို့က မိဘတွေဖြစ်ပြီး စာမေးပွဲဖြေမဲ့သူအပေါ် စိတ်ဖိအားတွေ အများကြီး မပေးသင့်ဘူး။

လင်းလင်း  :  အစ်မရှရေ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးလာပြီ။ မစ္စတာထင်းက အိမ်စာတွေလုပ်ဖို့ ကျောင်းကျောင်းနဲ့အတူ လိုက်နေရလို့ အဖွဲ့ထဲကစာတွေကို ဖတ်ဖို့အချိန်မရှိဘူး။  

ဘာဘီကျူပါတီအပြီးတွင် တက်ကြွလှုပ်ရှားနေကြသော မိသားစုဂရုချက်ကို တည်ထောင်ခဲ့သည်။ လူခြောက်ယောက်သည် အသေးအမွှားကိစ္စလေးများအကြောင်း စကားစမြည်ပြောရန် နေ့တိုင်း အဖွဲ့ထဲတွင် စုရုံးကြ၏။ သူတို့တွင် ဘယ်သောအခါမှ ပြောစရာစကား ပြတ်လပ်သွားလေ့ မရှိပေ။ 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now