Chapter (70-1) Z+U ထင်းထင်းလား / ထင်းထင်းလား

3.7K 743 17
                                    

Zawgyi

ထင်းထင်းလား

ကျူးရှနှင့်ကျိုးမင် နားနေခန်းထဲသို့ ပြန်ရောက်ချိန်၌ လီကျောင်းသည် ရန်ထင်းပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။ ကျိုးမင်သည် ကြားလေမသွေးအောင် အချင်းချင်းတိုးဝှေ့ပူးကပ်နေသည့် လူနှစ်ယောက်ကို မြင်လိုက်သောကြောင့် ရှက်ရွံ့သွား၏။ သူသည် ထောင့်တွင်ထိုင်ကာ သူ့ဖုန်းနှင့်ဆော့နေသယောင် ဟန်ဆောင်လိုက်သည်။

ကျူးရှက စကားပြောမည်ပြုသောအခါ ရန်ထင်းက သူ့ပါးစပ်ကို လက်ညိုးနှင့်ပိတ်သည့်ပုံ လုပ်ပြလိုက်သည်။ “ရှူး…၊ တိုးတိုးလေးပြောကြပါ။”

တစ်ညလုံးမအိပ်ရသေးသည့် ကျူးရှနှင့်ကျိုးမင်   “…”

ကျူးရှသည် ကုလားထိုင်ပေါ်တွင် တိတ်တဆိတ်ထိုင်ကာ ကိုယ်ပျောက်လူသားကဲ့သို့ နေလိုက်၏။ စားပွဲပေါ်တွင် ထူးခြားကောင်းမွန်သည့်ဟင်းပွဲများ ရှိသော်လည်း မည်သူမျှ မထိကြပေ။

"မင်းတို့အရင်စားကြပါ။" ရန်ထင်းက တိုးတိုးလေး ပြောလိုက်သည်။ " ကျောင်းကျောင်း ကို စောင့်စရာမလိုပါဘူး။"

ကျူးရှနှင့်ကျိုးမင်တို့သည် အမှန်တကယ် ဗိုက်ဆာနေသောကြောင့် ယဉ်ကျေးမနေတော့ချေ။ သူတို့က တူများကို ကောက်ကိုင်ပြီး ဟင်းပွဲများကို ဆွဲယူလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် လက်တွေ့ကျသူများသဖြင့် မြန်မြန်စားခြင်းက ကြည့်ရဆိုးလှသည်ဟု သူတို့ မခံစားရပေ။ 

၎င်းက လူမှုဖူလုံရေးအိမ်တွင် နေစဉ်က သင်ကြားခဲ့ရသည့် ပညာရေးမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သူတို့၏ဆရာမများက ယဉ်ကျေးသိမ်မွေ့သည့်စားသောက်မှုပုံစံများကို သင်ကြားပေးပြီး လူ့အဖွဲ့အစည်းတွင် ဝင်ဆံ့သူများဖြစ်လာအောင် ပျိုးထောင်ပေးခဲ့ကြ၏။ ကလေးအများစုမှာ မွေးစားခံလိုက်ရသည့်အတွက် သူတို့ကဲ့သို့ ကျန်းမာသောကလေးအများအပြား မရှိပါ။ သူတို့ထဲကအများစုသည် လူမှုဖူလုံရေးဂေဟာကို ရောက်ပြီးနောက် ထူးဆန်းသည့်မိသားစုများထံ မသွားလိုကြသူများ ဖြစိသည်။ 

ကျိုးမင်နှင့် ကျူးရှတို့ မတို့ထိခဲ့သောဟင်းများစွာ ရှိ၏။ သူတို့ဘာတစ်ခုမှ မပြောသော်လည်း လီကျောင်းအတွက် ချန်ထားခြင်းဖြစ်ကြောင်း ရန်ထင်းသဘောပေါက်ပေသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now