Chapter (37) ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း

3.9K 638 20
                                    

ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း

ထိုလူက မည်သူမည်ဝါဖြစ်ကြောင်း သူမသိသော်လည်း စုန့်ယွီသည် လီကျောင်းနှင့်ထိုလူ၏ရင်းနှီးကျွမ်းဝင်မှုကို ရှင်းလင်းစွာ အာရုံခံစားမိပေသည်။

"ဟယ်လို။" ဖုန်းမျက်နှာပြင်ပေါ်ရှိလူသည် ကန့်လန့်ကာများ နောက်ခံထားလျက် ရုံးကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့၏။ စုန့်ယွီက အသက်ရှုမဝသည့်ခံစားချက်မျိုး ရရှိခဲ့ပြီး ၎င်းမှာ ကန့်လန့်ကာများကို တင်းကျပ်စွာ ဆွဲပိတ်ထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။

"ဟယ်လို။" စုန့်ယွီက ပေါ့ပေါ့ပါးပါး မတ်တပ်ရပ်လိုက်ပြီး ချက်ချင်းပင် သတိအနေအထားသို့ ပြောင်းလဲလိုက်မိသည်။ သူသည် မကြာသေးမီက ရိုက်ကူးရေးအဖွဲ့သို့ အလည်လာခဲ့သည့်ထိုလူနှင့် တွေ့ဆုံခဲ့ပြီးဖြစ်၏။ ထိုလူမှာ လီကျောင်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိပေသည်။

"ငါ့မိသားစုရဲ့ကလေးက ရိုးရှင်းတဲ့စရိုက် ရှိတယ်။ ငါမျှော်လင့်တာက... " ဖုန်းမျက်နှာပြင်ပေါ်ရှိလူက ခေတ္တမျှ ရပ်သွား၏။ သူ့မျက်လုံးများက လုံးဝမပြောင်းလဲသော်ငြား စုန့်ယွီသည် တစ်ဖက်လူ၏မျက်လုံးများက အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်းရှိသည်ဟု ထူးထူးခြားခြား သတိပြုမိလိုက်သည်။ "မင်းအဆင်ပြေဖို့ ငါမျှော်လင့်ပါတယ်။"

ယခင်က ရိုက်ကူးရေးအဖွဲ့ထဲတွင် လီကျောင်း၏သူငယ်ချင်းသည် စုန့်ယွီနှင့် စကားမပြောဖြစ်ခဲ့သော်လည်း သူ့မျက်လုံးများမှာ ပုံမှန်သာ ဖြစ်သည်။ ယနေ့၌မူ သူသည် သိသိသာသာကို လူသတ်ချင်သည့်ပုံပေါက်နေခဲ့၏။ စုန့်ယွီသည် လုရန်ကျားက Weibo ပေါ်တွင် သတင်းကို မည်သို့ ဖော်ထုတ်ခဲ့ကြောင်း တွေးမိသောအခါမှ ရုတ်တရက် အလင်းပွင့်သွားခဲ့သည်။ သူက ရန်ထင်းမျက်ဝန်းများကို တည့်တည့် ရင်မဆိုင်ဝံ့ဘဲ လက်ထဲရှိတံစို့ကို စားပွဲပေါ် တင်လိုက်၏။

"အင်း၊ ကိစ္စတစ်ခုခုရှိရင် နှစ်သစ်ကူးအားလပ်ရက်ပြီးတဲ့အခါ ငါမင်းဆီ လာခဲ့မယ်။"

သူ ဒီအကြည့်မျိုးကို တကယ် ကြောက်လှပါသည်။

"အဆင်ပြေပါတယ်၊ ခဏစောင့်နော်။" လီကျောင်းက ဖုန်းကို သူ့ရှေ့မှာ ချထားပြီး ရန်ထင်းကို စကားပြောလိုက်သည်။ " ငါ့လုပ်ဖော်ကိုင်ဖက်က ဘာဘီကျူးနည်းနည်း ယူလာခဲ့တယ်။ အဲ့ဒါတွေ အေးစက်ကုန်မှာစိုးလို့။ ငါစားပြီးမှ မင်းကို ဖုန်းပြန်ခေါ်လိုက်မယ်နော်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now