Chapter (91-1)

1.7K 374 12
                                    

Zawgyi

ထိန်ထိန်သာနေသည့် လရောင်အောက်ရှိ သဲသောင်ပြင်ပေါ်တွင် လူရွယ်နှစ်ယောက်က ငုတ်တုတ်ထိုင်ရင်း သဲကစားနေကြသည်။ သက်တော်စောင့်များကလည်း အလုပ်ရှင်၏ ကလေးဆန်သော အပြုအမူကို အနှောင့်အယှက်မပေးဘဲ ခပ်ဝေးဝေးတွင် တိတ်တဆိတ် ရပ်နေကြ၏။

ယခင်က ရန်ထင်းသည် လီကျောင်း၏ရဲတိုက်ကို ရုပ်ဆိုးသည်ဟု တွေးထင်ခဲ့သည်။ သူကိုယ်တိုင်လုပ်ကြည့်ပြီးမှ သဲများမှာ လျော့တိလျော့ရဲနှင့် လိုသလိုပုံသွင်းမရကြောင်း သိလာရသည်။

"ရေထည့်ချင်လား။" လီကျောင်းက လေးလေးနက်နက် အကြံပြုလိုက်သည်။ "ရေထည့်ပြီးရင် စေးကပ်အား ပိုကောင်းသွားလိမ့်မယ် ထင်တယ်။"

ရန်ထင်းက သက်တော်စောင့်ကို လှည့်ကြည့်လိုက်သည်။ မိနစ်အနည်းငယ်ကြာသောအခါ သက်တော်စောင့်တစ်ဦးက သဲထဲတွင် ကစားရန် အရုပ်မျိုးစုံနှင့် ရေပုံးတစ်ပုံး သယ်လာခဲ့၏။ သဲထဲသို့ ရေအလွန်အကျွံထည့်ခြင်းသည် ရဲတိုက်၏သွင်ပြင်ကို မတိုးတက်စေဘဲ လက်များကိုသာ ညစ်ပတ်သွားစေကြောင်း သိလိုက်ရသည်။

"ရဲတိုက်ဆောက်ရတာ မလွယ်ဘူးပဲ။" ကျောင်းကျောင်းက သက်ပြင်းချလိုက်သည်။

"ငါတို့မှာ အတွေ့အကြုံမရှိပေမဲ့ ဆိုလိုချင်တဲ့အဓိပ္ပါယ်တော့ ပေါ်ပါတယ်။" အဆုံးတွင် လီကျောင်းက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ “ပြုလုပ်ပုံအဆင့်ဆင့်က ပိုအရေးကြီးတယ်။ ရလဒ်က အရေးမကြီးဘူး။”

သဲများကို အလေးအနက်ထားပုံဖော်နေသည့် ရန်ထင်းက သဲများလူးနေသည့် လီကျောင်းကို ကြည့်လိုက်သည်။ ကမ်းခြေပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လီကျောင်း၏ အသွင်အပြင်ကို ကြည့်ပြီး ညစ်ပတ်နေသော သူ့လက်များကို ကြည့်လိုက်သည်။

လီကျောင်းသည် သူတို့နှစ်ဦး တည်ဆောက်ထားသည့် အကျည်းတန်လှသော ရဲတိုက်ကို မြင်လိုက်ရပြီး မရယ်ဘဲ မနေနိုင်တော့ချေ။ လီကျောင်းက ရေပုံးထဲတွင် လက်တူတူဆေးရန် ရန်ထင်း၏လက်ကို ဆွဲယူလိုက်သည်။

"သုတ်လေ။" ရန်ထင်းက သက်တော်စောင့်ထံမှ ပုဝါကို ယူလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ လီကျောင်း၏လက်ကို ကိုင်ပြီး ညင်သာစွာ သုတ်ပေးလိုက်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now