Chapter (46) ရုပ်ရှင်

1.6K 170 9
                                    

ရုပ်ရှင်

အိပ်မက်မမက်ခဲ့သော ညလေးတစ်ညပင်။ လီကျောင်းက လိုက်ကာစကို ဖွင့်လိုက်သောအခါ အပြင်ဘက်ကမ္ဘာလောကကြီးသည် ငွေမှင်ရောင်များ ပက်ဖြန်းထားသကဲ့သို့ နှင်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရ၏။  သူက ပြတင်းပေါက်ကို တွန်းဖွင့်ကာ လသာဆောင်ပေါ်တွင် တင်ကျန်နေသည့် နှင်းများကို နှင်းရုပ်သေးသေးလေးအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သူက ဖုန်းကိုထုတ်ကာ ဓါတ်ပုံရိုက်လိုက်သည်။

လီကျောင်း V  :  နှစ်သစ်ရဲ့ များပြားတဲ့ကံကောင်းခြင်းတွေ [ဓာတ်ပုံ]။ 

သူတို့၏ဘေဘီလေး ထွက်ပေါ်လာသည်ကို မြင်ရသောအခါ လီကျောင်းပရိသတ်များက ချီးမွမ်းမြှောက်ပင့်ပြောဆိုရန်နှင့် ပိုစ့်ကို forward လုပ်ရန် ထွက်လာကြ၏။ ကျီစယ်တတ်သည့် ပရိသတ်များက သူ့အား ပထမဆုံးအကြိမ် သတင်းတွင် ပါဝင်ရခြင်းနှင့် ပတ်သတ်၍ မည်သို့ ခံစားရသနည်းဟု မေးမြန်းခဲ့ကြသည်။

လီကျောင်းက စာပြန်လိုက်သည်  :  ကျွန်တော့်မှာ ဘာခံစားချက်မှ မရှိပါဘူး။ ရွေ့လျားနေတဲ့ပုံရိပ်လေးကို သိမ်းထားပြီး အနှစ်ငါးဆယ်လုံးလုံး ကြွားဖို့ ပြင်နေရုံပါ။

လီပရိသတ်များ  :  ဟားဟားဟား။

သတင်းထုတ်လွှင့်မှုတွင် သူတို့၏ဘေဘီလေးသည် စိတ်အားထက်သန်သော မြို့သားတစ်ယောက်ဖြစ်ရသည့်အပေါ် ပျော်ရွှင်နေသည်မှာ သိသာထင်ရှားလှပေသည်။ လီကျောင်းက Weibo၌ ပရိသတ်များနှင့် အပြန်အလှန်ပြောဆိုနေချိန်တွင် ရန်ထင်းက သူ၏သူငယ်ချင်းအသိုက်အဝန်းထံ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

ထင်းထင်း  :  အိမ်ကကလေးက ငါ့ကို စာအိတ်နီတစ်အိတ် တကယ် ပေးခဲ့တယ်။ သူက တကယ့်ကို ဇွတ်တရွတ်သမားလေးပဲ။ [Photo]

နှစ်သစ်ကူးနေ့မနက်ခင်းတွင် အကြီးတန်းအရာရှိများက ထိုစာကိုမြင်ပြီး သူဌေးပြောသည့် ''ကလေး'' က တကယ့်ကလေးမဟုတ်မှန်း သူတို့သိလျှင်တောင် ချီးကျူးနေကြဆဲပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူဌေးက ကြွားချင်တယ်ဆိုရင် ကြွားသင့်တယ်။ တစ်ခြားကိစ္စတွေက အရေးမကြီးဘူး။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now