Chapter (45) နှစ်သစ်ကူးပိုက်ဆံ

3.7K 660 24
                                    

နှစ်သစ်ကူးပိုက်ဆံ

အချက်အလက်များအရ လီကျောင်းနှင့် ရန်ထင်းတို့နှစ်ယောက်လုံး ဖက်ထုပ်လုပ်နိုင်သည့် အရည်အချင်းမရှိဟု သက်သေပြနေပေသည်။အဒေါ်ကြီးက ထိုနှစ်ယောက်လုံး ဖက်ထုတ်ရွက်ကို ထူလိုက်ပါးလိုက် ၊ ဝိုင်းလိုက်လေးထောင့်ကျလိုက်ဖြစ်အောင် လှိမ့်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမက ဖက်ထုပ်ရွက်လှိမ့်သည့် တာဝန်ကိုယူကာ သူတို့အား အဆာပလာသွပ်ခိုင်းလိုက်သည်။  

နှစ်ယောက်လုံးလုပ်ထားသည့် ဖက်ထုပ်များက ရုပ်ဆိုးသော်ငြား တစ်မျိုးနှင့်တစ်မျိုး ရုပ်ဆိုးပုံချင်း မတူကြပေ။ မစ္စတာလီ၏ဖက်ထုပ်များက ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်သည်။ သူက ဖက်ထုပ်ရွက်တစ်ခုထဲသို့ ဖက်ထုပ်နှစ်ခုစာ အဆာပလာများ မရမက သွပ်ထည့်လိုက်၏။ သူဌေး၏ဖက်ထုပ်များမှာ ကြီးမားပြီး ခြောက်သွေ့သည့်အတွက် ဖက်ထုပ်ရွက်မှာ ငါးပိုင်းကွဲသွားသည်။ ထားပါတော့၊ အသားရှားပါးတဲ့ မိသားစုတွေက ဒီလိုဖက်ထုပ်မျိုးလုပ်ပြီး ပိုက်ဆံစုကြတာပါပဲ။

ဖက်ထုပ်အများစု ထုပ်ပြီးသည်နှင့် လူနှစ်ယောက်၏ တီထွင်ဆန်းသစ်မှုများလည်း ကုန်ဆုံးသွားခဲ့သည်။ သူတို့သည် လက်နှင့်မျက်နှာရှိ ဂျုံမှုန့်များကို သန့်စင်အောင် ဆေးကြောပြီး အဝတ်သန့်သန့်များ လဲလှယ်ဝတ်ဆင်လိုက်ကြ၏။ လီကျောင်းက တက်ဘလက်နှင့် ဂိမ်းဆော့နေစဉ် ရန်ထင်းက လီကျောင်းပေးခဲ့သည့် လက်တော့ပ်ကို ဖွင့်ကြည့်လိုက်သည်။

ကောင်းကင်မှာ မှောင်ရိပ်သန်းလာပြီး ဂိမ်းထဲရှိ လီကျောင်း၏စွမ်းဆောင်ရည်မှာ ဆိုးရွားလွန်းသောကြောင့် ပဉ္စမတန်းကျောင်းသားတစ်ယာက်၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ သူက ဂိမ်းမှ ထွက်ကာ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ "မှောင်နေပြီပဲ။"

ရန်ထင်းက သူ့ကို မော့ကြည့်လိုက်သည်။ "မင်း ဗိုက်ဆာနေပြီလား။"

"မဆာသေးပါဘူး၊ ဒီနေ့ ငါတို့ တီဗွီဖွင့်ပြီး နွေဦးပွဲတော်အစီအစဉ်ကို ကြည့်ကြရအောင်။" တက်ဘလက်ကို ဘေးသို့ ပစ်ချလိုက်ရင်း လီကျောင်းက တီဗွီကို ဖွင့်လိုက်၏။ ခုနစ်နာရီကျော်ရုံသာရှိသေးသဖြင့် အမျိုးသားရုပ်သံလိုင်းမှ သတင်းထုတ်လွှင့်နေဆဲဖြစ်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Opowieści tętniące życiem. Odkryj je teraz