Chapter (64-2) Z+U စားသောက်ကြခြင်း / စားသောက်ကြခြင်း

3.7K 815 27
                                    

Zawgyi

စားသောက်ကြခြင်း

အလုပ်ဆင်းချိန်ရောက်သည်နှင့် ကျူးရှသည် သူ့စားပွဲကို မြန်မြန်ဆန်ဆန် သိမ်းဆည်းပြီး အလုပ်ပြန်ရန် ပြင်တော့သည်။

"ရှကျဲကျဲ၊ ဒီနေ့ အလုပ်ဆင်းတာ စောလှချည်လား။ အချိန်ပိုမဆင်းတော့ဘူးလား။" လုပ်ဖော်ကိုင်ဖက်များက သူမအလုပ်မှ စောစောပြန်ရန် ပြင်နေသည်ကို တွေ့သဖြင့် အံ့သြသွားကြ၏။ လက်ထောက်ဌာနသို့ ပြောင်းရွှေ့ခံရပြီးနောက်၊ ကျူးရှသည် အလွန်အလုပ်ကြိုးစားပြီး ညတိုင်း ၁၀ နာရီကျော်သည်အထိ အချိန်ပိုဆင်းလေ့ရှိသည်။

"ငါ့မောင်လေးက ဧည့်သည်တစ်ယောက်ကို ညစာဖိတ်ကျွေးမလို့တဲ့။" ကျူးရှက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောပြီး ကျောပိုးအိတ်ကြီးတစ်လုံးလွယ်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

ကျူးရှ အဆောက်အဦမှ ထွက်လာသောအခါ ကျိုးမင်က သူမအား အောက်ထပ်တွင် ဆိုင်ကယ်တစ်စီးနှင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူမက နောက်ဘက်တွင် ထိုင်ကာ "သွားကြမယ်။ ကျောင်းကျောင်းကို အကြာကြီး မစောင့်စေချင်ဘူး။" ဟု ပြောလိုက်သည်။

ပေကျင်း၏နွေဦးညများမှာ အနည်းငယ်ချမ်းစိမ့်လှ၏။ ကျိုးမင်က ကျူးရှအား သူ့ဂျာကင်အကျီဖြင့် တင်းတင်းကျပ်ကျပ် ထွေးပတ်လိုက်သည်။ "သေချာထိုင်နော်။"

"ရှောင်းမင်၊ ကျောင်းကျောင်းက သူ့သူငယ်ချင်းတစ်ယောက် ခေါ်လာခဲ့မယ်လို့ ပြောထားတယ်။ တွေ့ဆုံခြင်းလက်ဆောင်တစ်ခု ပြင်ဆင်သင့်တယ်လို့ ထင်လား။"

"မင်းက ခယ်မလေးနဲ့ သွားတွေ့မှာလည်း မဟုတ်ဘဲနဲ့။ ဘာကို တွေ့ဆုံခြင်းလက်ဆောင်လဲ။" ကျိုးမင်က ထိုကိစ္စနှင့်ပတ်သတ်ပြီး အများကြီး မတွေးထားပေ။ " ညီအကိုမောင်နှမ နည်းနည်းလောက်ပဲ လာမှာပါ။ လူတိုင်း စားကြသောက်ကြမှာဆိုတော့ ယဉ်ကျေးလွန်းရင် လူတိုင်း စိတ်မသက်မသာဖြစ်လိမ့်မယ်။"

ကျူးရှ : "......"

ရိုးရိုးသားသား ပြောရလျှင် ထိုသူက 'ခယ်မ' ဖြစ်နေမည်ကို အလွန်စိုးရိမ်မိသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now