Chapter (65-2) Z+U စာအိတ္နီ / စာအိတ်နီ

3.8K 793 27
                                    

Zawgyi

စာအိတ္နီ

မင်္ဂလာပွဲကျင်းပမည့်အချိန် နီးကပ်လာပြီး မင်္ဂလာဆောင်ဓာတ်ပုံများ၊ ဟိုတယ်နှင့် မင်္ဂလာဆောင်ကုမ္ပဏီအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်၏။ သို့သော် မိန်းကလေး၏မိဘများက မင်္ဂလာကားနှင့် ဟိုတယ်ကို မကျေနပ်ဘဲ တွန်းအားပေးနေသဖြင့် မိန်းကလေးမှာ အကြိမ်ကြိမ် ငိုခဲ့ရသည်။

“မင်္ဂလာပွဲဆိုတာ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ပွဲနော်၊ လင်းလင်းက မိန်းမကောင်းလေးပါ။ ဘယ်မိန်းကလေးကများ လှပတဲ့မင်္ဂလာပွဲကို မကျင်းပချင်မှာလဲ။" ကျူရှသည် ချန်းရှောင်ကျွင်း အနည်းငယ် ဝမ်းနည်းနေသည်ကို မြင်ပြီး သူ့အား နှစ်သိမ့်ပေးလိုက်သည်။ "မင်္ဂလာကားက ဖြေရှင်းရလွယ်ကူပါတယ်၊ ငါတို့ ပိုက်ဆံပိုသုံးပြီးတော့ ကားကောင်းကောင်းတစ်စီး ငှားရုံပဲ။"

"ကျွန်တော့်မှာ ကုမ္ပဏီက စီစဉ်ပေးထားတဲ့ ကားကောင်းတစ်စီးရှိတယ်။" လီကျောင်းက ပြောလိုက်သည်။ "အစ်ကို့မင်္ဂလာပွဲနေ့ကျရင် ကျွန်တော် အစ်ကို့အတွက် မောင်းလာခဲ့မယ်။"

“အိုကေ။” ချန်းရှောင်ကျွင်းမှာ အနည်းငယ်ရှက်ရွံ့သွားရ၏။ သူ့လက်ထပ်ပွဲကြောင့် သူ့သူငယ်ချင်းများ အခက်ကြုံနေရသည်ပင်။

“ဟိုတယ်ကိစ္စက နည်းနည်းခက်တယ်။ အချိန်အရမ်းကပ်နေပြီဆိုတော့ ပိုကောင်းတဲ့ဟိုတယ်ကို ဘွတ်ကင်လုပ်လို့ မရမှာ စိုးတယ်။" ကျူရှက ခဏလောက် စဉ်းစားလိုက်သည်။ “ဒါမှမဟုတ် သူမကို ဟိုတယ်မှာ တည်းနိုင်အောင် ရွှေထည်နှစ်မျိုး ပေးလိုက်ရင်ကော။ အခြေအနေတွေ အရမ်းတင်းမာနေရင် ဝမ်းအနည်းဆုံးသူက လင်းလင်းဖြစ်မှာ။ ဒီလိုမိန်းမကောင်းလေးကို မင်းက ဝမ်းနည်းအောင် လုပ်ချင်တာလား။”

ထိုဟိုတယ်ကို မနှစ်က ဘွတ်ကင်ယူထားခဲ့ပြီး ယခုမင်္ဂလာပွဲစရန် ရက်ပိုင်းသာလိုတော့၏။ ၎င်းကို အစားထိုးရန် အချိန်နှောင်းသွားပြီဖြစ်သည်။

"အစ်ကိုရှောင်ကျွင်း၊ အစ်ကိုက မင်္ဂလာပွဲအတွက် နာမည်ကြီးတစ်ယောက် ဖိတ်ထားတယ်လို့ အစ်ကို့ယောက္ခမကို ပြောလို့ရတယ်။" လီကျောင်းက ပြောသည်။ "နည်းနည်းမျက်နှာသာရနိုင်တာပေါ့။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now