Chapter(74-2) Z+U

3.5K 749 32
                                    

Zawgyi

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း

မိုးကောင်းကင်တိမ်တိုက်များ ဇာတ်ကားကို ရုပ်ရှင်လောကရှိ လူတိုင်း၏စိတ်ထဲတွင် ဆိုးရွားသောဇာတ်ကားဟု မှတ်ယူထားသော်လည်း လီကျောင်း ပါဝင်သရုပ်ဆောင်ထားသောကြောင့် ဖွင့်ပွဲအခမ်းအနားကျင်းပသည့်နေ့တွင် သတင်းထောက်အများအပြားက လာရောက်တွေ့ဆုံမေးမြန်းခဲ့ကြသည်။

သို့သော် သတင်းထောက်များသည် မိုးကောင်းကင်တိမ်တိုက်များ ရုပ်ရှင်ကို စိတ်မဝင်စားခဲ့ပေ။ လီကျောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုသာ သိချင်ကြသည်။

"ကျောင်းကျောင်း၊ ဒီဇာတ်ကားမှာ ခံစားချက်တွေ ဒရမ်မာချိုးတာတွေ မရှိဘူးလို့ ပြောကြတယ်။ မင်းကကော ဘယ်လိုလူမျိုးကို ကြိုက်တာလဲ။"

"ဒီကိစ္စကို ပြောဖို့ စောပါသေးတယ်။ ကျွန်တော်က တရားဝင် လက်ထပ်ဖို့ အသက်မပြည့်သေးပါဘူး။" လီကျောင်းက ရယ်လိုက်၏။ "ခံစားချက်နဲ့ပတ်သက်လာရင် ပြောဖို့ခက်တယ်။ မှန်ကန်တဲ့လူနဲ့တွေ့ရင် သူတို့ ဘယ်လိုပုံစံလဲဆိုတာ အရေးမကြီးပါဘူး။"

"ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ပမှာ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့ပါတယ်။ ရိုက်ကူးရေးအဖွဲ့များစွာက မင်းကို ဇာတ်ညွှန်းတွေအများကြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဘာ့ကြောင့် ရွေးချယ်ခဲ့တာလဲ။"

သတင်းထောက်သည် လီကျောင်း၏ခေါင်းထဲတွင် ရေဘယ်လောက်ဝင်နေသလဲဟုသာ သိချင်နေသည်။ ဘာလို့ ဇာတ်ညွှန်းတွေ အများကြီးရှိတဲ့ထဲက ဒီမကောင်းတဲ့ဇာတ်ကားကို ရွေးချယ်ခဲ့တာလဲ။

"ဇာတ်ညွှန်းက ကောင်းပါတယ်။ အဲဒါက အရမ်းဆန်းသစ်ပြီး အဖွဲ့သားတွေကလည်း ရိုးသားတယ်။" လီကျောင်းက ပြုံးလိုက်သည်။ "ဒါကြောင့် ကျွန်တော် ကြိုးစားကြည့်ချင်တာပါ။"

သတင်းထောက်က လီကျောင်းကို သနားစိတ်ဖြင့် ကြည့်လိုက်သည်။  "......"

ဒီလိုပြောကြတဲ့ အနုပညာရှင်အများစုက ကြေကွဲဖွယ် ကံကြမ္မာနဲ့ အဆုံးသတ်သွားကြတာပဲလေ။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now