Chapter (40) ပါတီပွဲ

3.8K 658 36
                                    

ပါတီပွဲ

"ဟုတ်တာပေါ့။ မင်းက ကောင်းကင်ပေါ်က အထူးခြားဆုံး တိမ်တိုက်၊ ကမ္ဘာပေါ်က အထူးခြားဆုံး ဖြစ်တည်မှုပဲ။"

"လီကျောင်းက ချန်ဟွမ်းလက်အောက်က ချန်ရှီးနာရီရဲ့ ပြောရေးဆိုခွင့်ရှိသူလေ။ ချန်ဟွမ်းဆီက ဖိတ်စာတစ်စောင် လက်ခံရရှိတယ်ဆိုတာ သဘာဝကျတယ်။ မင်းရဲ့အနုပညာရှင်က ဖိတ်စာမရခဲ့ဘူး ။ ထောင့်တစ်ထာင့်မှာ တိတ်တိတ်လေး သံပုရာသီး စားနေလိုက်တော့။ နင်က ငါ့ဘေဘီလေးကို ဘာလုပ်ချင်နေတာလဲ။"

"ငါက ဖြတ်သွားဖြတ်လာစစ်စစ်လေးပါ။ လီကျောင်းရဲ့ လက်ရှိအဆင့်နဲ့ မလုံလောက်ဘူးလို့ ခံစားမိပေမဲ့ သူက ချန်ရှီးနာရီရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ဒီနေရာမှာ ပေါ်လာတာက ပုံမှန်ပါပဲ။ မနေ့ညက နှစ်ပတ်လည်တွေ့ဆုံပွဲမှာ ပါဝင်သူစာရင်းကို ထုတ်ပြန်တဲ့ ဈေးကွက်မြှင့်တင်ရေးအကောင့်တစ်ခု ရှိခဲ့တယ်။ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေထဲမှာ လီကျောင်းလည်း ပါတယ်။ အင်တာနက်ပေါ်က သူငယ်ချင်းရေ၊ မင်းဒီကိစ္စကို အခုမှ သိတာလား။"

"ဖြတ်သွားဖြတ်လာမဟုတ်ပါ။"

လီကျောင်း၏အသွင်အပြင်သည် ပွဲကျင်းပရာနေရာပတ်ပတ်လည်တွင် လူအုပ်ကို ဖြစ်ပေါ်လာစေသည်။ လီကျောင်းဟူသော LED ဘုတ်ကို ကိုင်ဆောင်ထားသည့် လီကျောင်း၏ပရိသတ်များစွာက ပရိတ်သတ်အစုအေဝးကြီးထဲသို့ တိုးဝှေ့ဝင်လာကြသဖြင့် အခြားပရိသတ်များ၏ဘုတ်များနှင့် တိုက်မိလုနီးပါး ဖြစ်နေခဲ့သည်။

"ကျောင်းကျောင်း ထွက်လာပြီ။"

လီကျောင်းသည် တစ်ယောက်ယောက်က သူ့နာမည်ကို အော်ခေါ်နေသည်ကို ကြားခဲ့သည်။ သူက ရပ်ကြည့်လိုက်ပြီး မိန်းကလေးအနည်းငယ်က သူ့အား အသည်းအသန် လက်ဝှေ့ယမ်းပြနေကြောင်း တွေ့လိုက်ရ၏။ သူက အပြုံးတစ်ပွင့်ပေးကာ သူတို့ကို ပြန်၍ လက်ဝှေ့ယမ်းပြလိုက်သည်။ 

"အားးးးးးး ကျောင်းကျောင်းက ငါတို့ကိုမြင်တယ်။"

"ကျောင်းကျောင်း ရယ်နေတာလေးက အရမ်းကြည့်ကောင်းတယ်။ ငါတော့ ချစ်မိနေပြီ။ ချစ်မိနေပြီ။" 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now