Chapter (32) ပျော်ရွှင်စရာအဝတ်အစားများ

3.9K 667 32
                                    

ပျော်ရွှင်စရာအဝတ်အစားများ

နောက်တစ်နေ့တွင် ဖိုရမ်မျိုးစုံ၌ ကျောင်းကျွင်းနန်အား လှောင်ပြောင်သရော်သောပို့စ်များ မှိုလိုပေါက်လာကြ၏။ ကျောင်းကျွင်းနန်မှာ အသက်ကြီးလာ၍ လူမြင်ကွင်းမှ ပျောက်နေသည်ဟု စွပ်စွဲခံရသည်။ နောက်ဆုံး၌ လူကြိုက်များလာသောအခါ သူသည် ရုပ်ဆိုးလွန်းလှသည်ဟု အပြောခံရသည်။ ကျောင်းကျွင်းနန်က သူ၏တန်ဖိုးကို မြှင့်တင်ခဲ့သည်ဟူသော ကဲ့ရဲ့မှုများလည်း ထွက်ပေါ်လာခဲ့၏။

"ကျောင်းကျွင်းနန်ရဲ့ပရိတ်သတ်တွေက ထိပ်တန်းဖက်ရှင်အမှတ်တံဆိပ် ဘယ်လောက်များများက သူတို့ရဲ့အနုပညာရှင်ကို ရဖို့ ကြိုးပမ်းနေကြတယ်ဆိုပြီး ကြွားလုံးထုတ်နေခဲ့ကြတာ မဟုတ်ဘူးလား။ အမှတ်တံဆိပ်ဘက်ကနေပြီး သူတို့က မင်းတို့ရဲ့ အနုပညာရှင်နဲ့ ပူးပေါင်းဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ တဲ့တိုးပြောလိုက်တာကတော့ သနားစရာဘဲ။"

"ဖြူစင်တဲ့ ဖြတ်သွားဖြတ်လာလေးတစ်ယောက်ပါ ၊ ကျောင်းမျိုးရိုးရဲ့ပရိတ်သတ်တွေအတွက်တော့ အရှက်ရပြီး တိတ်တိတ်လေး မျက်နှာပူနေလောက်ပြီ။

"အိုး၊ ဒီလူဆိုးကောင်ကျောင်းကျွင်းနန်က ကမောက်ကမဖြစ်မယ်လို့ ငါခန့်မှန်းမိတာ ကြာပြီ။ ဒီလောက်မြန်မြန်ကြီး ကမောက်ကမဖြစ်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး။ ရဲစွမ်းသတ္တိရှိသောအုပ်ချုပ်သူဇာတ်ကားက သူ့ရဲ့သရုပ်ဆောင်မှုကို လူကြိုက်များလာတာနဲ့အမျှ သူ့ရဲ့အဖွဲ့က ဆောင်းပါးတွေကို နေ့တိုင်း ဝယ်ခဲ့တယ်။ ကံကောင်းထောက်မလို့ သူက မိန်းကလေးတစ်ယောက် မဟုတ်တာ။ သူသာ မိန်းကလေးဆိုရင် ဖျော်ဖြေရေးအသိုင်းအဝိုင်းတစ်ခုလုံးကို ဖျက်ဆီးပစ်လောက်တယ်။"

"အပေါ်ကတစ်ယောက်ရေ ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က အမျိုးသားအနုပညာရှင်တစ်ယောက်က မင်းသမီးတွေထက်တောင် ပိုပြီး ညှို့ဓါတ်ပြင်းတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို မဖတ်လိုက်ရဘူးလား။ ငါ တစ်ခါလောက် ဝင်ကြည့်လိုက်တာ ငါ့ကိုယ်ငါ မျက်လုံးကန်းသွားပြီလို့တောင် ထင်လိုက်မိတယ်။ ကျောင်းမျိုးရိုးရဲ့ပရိသတ်တွေက သူ့ကို အမျိုးသမီးအဖြစ် သတ်မှတ်ပြီး အမျိုးသမီးအနုပညာရှင်အုပ်စုရဲ့အလှနဲ့ နှိုင်းယှဉ်ပြခဲ့တာ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now