Chapter (39) ပြင်ဆင်ခြယ်သခြင်း

3.8K 559 46
                                    

ပြင်ဆင်ခြယ်သခြင်း

အဖွဲ့သည် ချန်ဟွမ်းနှစ်ပတ်လည်တွေ့ဆုံပွဲသို့ လီကျောင်း၏တက်ရောက်မှုအပေါ် အလေးအနက်ထားခဲ့သည်။ ထိုကြောင့် အဝတ်အစားများနှင့် စတိုင်လစ်က စောစီးစွာ ရောက်လာခဲ့ကြသည်။ ကင်းတဲငါးခု၊ ရဲတစ်ဦး ပုံမှန်လှည့်လည်သွားလာသည့်နယ်မြေ ၊ အလွန်တရာစည်းကမ်းတင်းကျပ်သည့်လုံခြုံရေးရှိသည့် ရပ်ကွက်ကိုကြည့်ရင်း အဖွဲ့သည် လီကျောင်း၏တိုင်းသိပြည်သိဆင်းရဲသည့်သရုပ်သကန်ကို မည်မျှချဲ့ကားထားသလဲဟု သံသယဝင်စပြုလာခဲ့၏။  

"ဒီရပ်ကွက်က..." တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "နေဖို့ မလွယ်ကူတဲ့ပုံပဲ။"

"ကျောင်းကျောင်းရဲ့ သူငယ်ချင်းက ရပ်ကွက်ထဲမှာ ဗီလာနှစ်လုံးပိုင်တယ်။ ဒါကြောင့် ကျောင်းကျောင်းက တစ်လုံး ငှားလိုက်တာ။" ကျန်းရှောင်ယွမ်သည် သူ၏အခြားလုပ်ဖော်ကိုင်ဖက်များမှ နားလည်မှုလွဲမှားသွားကြောင်း သတိပြုမိသဖြင့် "ငါတို့မိသားစုရဲ့ကျောင်းကျောင်းလေးက  ဆင်းရဲတာကလွဲလို့ ဘာမှမရှိဘူး" ဟု ရှင်းပြလိုက်သည်။

လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာများမှာ ဖြူတစ်လှည့်မည်းတစ်လှည့် ဖြစ်သွား၏။ "အစ်ကိုကျန်း ၊ အစ်ကိုသိလား ၊ တကယ်တော့ ကျွန်တော်က နတ်ဆိုးတစ်ကောင်ပဲ။"

"ဘယ်တစ်ကောင်လဲ။"

"သံပုရာသီးနတ်ဆိုးလေ။"

"ဟားဟား ဟားဟား။" တခယ်က သူ့ပေါင်သူ ပုတ်လိုက်ပြီး "ငါမင်းကိုပြောသားပဲ ၊  ကျောင်းကျောင်းကို ပြောင်းရွှေ့ဖို့ ကူညီတဲ့နေ့တုန်းက ငါလည်း မင်းလိုပဲ တော်တော်လေး အချဉ်ပေါက်သွားတာ။" 

ဘယ်သူက ချမ်းသာပြီး ရက်ရောတဲ့သူငယ်ချင်းမျိုး မလိုချင်မှာလဲ။

ယာဉ်မောင်းက ကျန်းရှောင်ယွမ်အား မဝံ့မရဲကြည့်လိုက်သည်။ "အစ်ကိုကျန်း၊ ကျွန်တော်အထဲကို ဆက်မောင်းရမလား ဒါမှမဟုတ် ဒီဘက်ခြမ်းက မြေအောက်ကားဂိုဒေါင်ကို မောင်းရမလား။"

"မဟုတ်ဘူး၊ ညာဘက်လမ်းကြောကို တည့်တည့်သွားလိုက်။ ကျောင်းကျောင်းရဲ့အိမ်မှာ ကိုယ်ပိုင်ကားဂိုဒေါင် ရှိတယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now