အခန်း (၁၀)

1.7K 254 18
                                    

Burmese Translation of Jiu Lu Fei Xiang's 一时冲动,七世不祥 (Seven Unfortunate Lifetimes)

အခန်း (၁၀)

______

ဝိညာဉ်လမ်းပြတွေက ငါ့ကို တမလွန်ဆီ ခေါ်သွားကြတယ်။ နောက် ၆ ဘဝစာ ကံကြမ္မာကို ငါ ရှောင်နိုင်ပြီ ထင်တာပဲ။ ငါ သက်ပြင်းရှည်ရှည်တစ်ချက် ချလိုက်မိတယ်။ တကယ်တမ်းက ငါ အော်ရယ်လိုက်ချင်တာ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ၊ မရယ်နိုင်ဘူး ဖြစ်နေတယ်။ ငါ့နှုတ်ခမ်းတွေမှာ လုဟိုင်ခုန်းနှုတ်ခမ်း အရသာထင်ကျန်ရစ်နေသေး၊ ဒီအနမ်းအမှတ်တရက ငါ့နှလုံးကို နာကျင်နေစေတယ်။

သူကတော့ အသက်ရှင်နေသေးတယ်။ ဒါပေမဲ့ ငါ့ကျန်ရှိနေတဲ့ သက်တမ်းရှည်တစ်လျှောက်မှာတော့ လုဟိုင်ခုန်းဆိုတဲ့ အရူးလေးတစ်ယောက် ရှိတော့မှာ မဟုတ်ဘူး။

ငါ တမလွန်ကို သွားတဲ့လမ်းကို ပြန်လှည့်လိုက်တယ်။ ဒီအချိန်မှာမှ တစ်ခုခု ဆုံးရှုံးသွားတဲ့ ခံစားချက်မျိုး ငါ့ကို လွှမ်းခြုံလာတော့တယ်။

“မြန်မြန်...! မြန်မြန်လာလေ...! နှေးတုံ့တုံ့နဲ့ ဘာဉာဏ်များဖို့ ကြံနေပြန်တာလဲ" ဝိညာဉ်ကောင်ရဲ့ အသံစူးစူးလေးက အော်ကျယ်ကျယ်နဲ့။ သူ့အကြည့်တွေကလည်း သံသယတွေ အပြည့်နဲ့။

ငါ နှုတ်ခမ်းဆူလိုက်မိ။ "ဘယ်လိုတွေတောင် စိတ်မရှည်ဖြစ်နေတာလဲ... ဒီတစ်ခါ ငါလည်း မေ့ပျောက်ခြင်းစွပ်ပြုတ်ကို လိမ်လိမ်မာမာ သေသေချာချာ သောက်သွားမှာပါနော်"

ဒီခံစားချက်တွေကို ခဏလောက်ပဲ ဖြစ်ဖြစ် မေ့သွားရင်လည်း တစ်မျိုးကောင်းတာပဲ။

ကောင်စုတ်လေးက ငါ့စကားကို ကြားတော့ ထရယ်တယ်။ "မေ့ပျောက်ခြင်းစွပ်ပြုတ်လား... ခင်ဗျားက နောက်ဘဝကူးချင်တယ်ပေါ့လေ၊ အရင်ဆုံး တမလွန်မှာ ၈ နှစ် ၁၀ နှစ်လောက် အပြစ်ခံပါဦး... ပြီးမှ နောက်ဘဝကူးရေး ဆက်ပြော"

ငါ မေးလိုက်တယ်။ "ဘာအတွက် အပြစ်ခံရမှာ"

ဝိညာဉ်လေးက ငါ့ကို တမလွန်အတွင်းဆုံး အနက်ပိုင်းထိ ခေါ်သွားတယ်။ ဒါပေမဲ့ တံတားဘက်ကိုတော့ မခေါ်သွားဘူး။

ငါ လန့်တောင် လန့်လာပြီ။ နည်းနည်းတောင် မွန်းကြပ်လာသလိုပဲ။ သူတို့တွေ ငါ့ကို ငရဲအိုးထဲ ပစ်ချမလို့များလား။

ကြမ္မာ ခုနစ်လီWhere stories live. Discover now