Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.
Translator - No_Coz
အခန်း (၂၉)/ က
_________သုံးလကြာတော့ ဆောင်းအလယ်တောင် ရောက်လုပြီ။ ဝေ့တိုင်းနယ်ဘက်က တာ့ချီပြည်ကို စစ်ကြေညာလိုက်တယ်။ ဒီအချိန်မှာ မင်းကြီးနဲ့ မယ်တော်ကြီးကလည်း အာဏာလုပွဲ ကောင်းခန်းရောက်နေလေသတဲ့။
စစ်ချီမထွက်သေးခင် ဘုရင်မင်းမြတ်က ငါ့ကို နန်းတော်ထဲ ထပ်ဆင့်ခေါ်သေးတယ်။ ချော့ဖို့ရော၊ ခြောက်ဖို့ရောပေါ့။ သူက ငါ့ကို စောင့်ကြည့်နေမယ်ဆိုတော့ စစ်မြေပြင်ထဲကနေတောင် ငါ လစ်ပြေးလို့ မရတော့လောက်ဘူး။
စစ်သူကြီးအိမ်တော်ပြန်ရောက်တော့ ကြက်ကင်ကိုက်နေတဲ့ ချူခုန်းက ခါးသီးမကျေနပ်စွာ ရေရွတ်နေလေရဲ့။ "စောက်ကျိုးနည်း ဝေ့ပြည်...! စစ်ကို ဆောင်းတွင်းကြီးထဲ တိုက်ရတယ်လို့၊ ငါသခင်လေးမှာ ဒီရာသီဥတုကြီးထဲ ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်ရတော့မယ်... ရှောင်ရှန်းဇီ သွား သွား... သူတို့နဲ့ နှစ်ပွဲ သုံးပွဲလောက် တိုက်ပေးလိုက်၊ ထွက်မပြေးခင် သူတို့ကို နည်းနည်း အနိုင်ကျင့်ပေးလိုက်..."
ငါ သွားရင် ဘာတွေ ယူလာခဲ့ရမယ်ဆိုတာ စဉ်းစားနေတုန်းကို ချူခုန်းက ဒီလိုကြီးတွေ ပြောလာတာ။
"နင်က ရှေ့တန်းမှာ ထွက်တိုက်ရမဲ့လူမှ မဟုတ်တာ၊ ပါးစပ်ကတော့ ပြောအားရှိတာပေါ့... နင် သူတို့ကို အနိုင်ကျင့်ချင်ရင် နင့်ဟာနင် သွား ကျင့်..."
ချူခုန်း အသားတုံးကြီးကို ခပ်ကြီးကြီး ကိုက်လိုက်ရင်း ဝါးရင်းက မပီမသ ပြန်ပြောလေတယ်။ "ငါသခင်လေး ရှေ့တန်းမသွားဘူးလို့ ဘယ်သူပြောလဲ"
သူ့ကို ကြည့်နေတဲ့ ငါ့မျက်လုံးအရောင်တွေ တောက်သွားခဲ့မှာပဲ။
"နင်က ငါဟန်ဆောင်ပြီး ငါ့ကိုယ်စား စစ်ထွက်တိုက်ပေးမလို့လား၊ ခုန်းမင်းသမီး၊ နင်ဟာလေ မိန်းမဖြစ်ပြီးမှ လူပိုဆန်လာသလိုပဲ..."
ချူခုန်း ငါ့ကို တစ်ချက်ကလေး လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းကို မဲ့သွားပါရော။ နောက်တော့လည်း သူ ဘာမှ ထပ်မပြောဘဲ ကြက်ကင် ဆက်ကိုက်နေတော့တယ်။ ငါ ပြောတာကို ပြန်မငြင်းဘူးဆိုကတည်းက အခြေအနေကောင်းတယ်ပြောရမယ်။ ဒါပေမဲ့ ငါ့စိတ်ထဲ လေးနေတာကတော့ မပျောက်နိုင်ဘူးရယ်။
YOU ARE READING
ကြမ္မာ ခုနစ်လီ
Humorကောင်းကင်ဘုံမှ တိမ်ဝိညာဉ်ရှောင်ရှန်းဇီနှင့် ချူ ခုန်းတို့ ခိုက်ရန်ဖြစ်ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်ထွေးသွားစေခဲ့မိသည်။ ထို့ကြောင့် အပြစ်ဒဏ်အနေနှင့်၊ ရန်ဖြစ်ရကောင်းလားဟုဆိုကာ နှစ်ယောက်သားကို လူ့ပြည်မှာ ၇ ဘဝစာ ဖူးစာဖက...