အခန်း (၂၃)

1.4K 217 4
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၂၃)
____________

ငါ့နှလုံးသားက တစ်စစီ ဆွဲဖြဲခံနေရသလို ခံစားနေရတယ်။ ဒီလိုအဖြစ်မျိုးက အရင်ဘဝတွေမှာ မကြုံဖူးတဲ့အရာပဲ။ ဧကန္တ... ဧကန္တ ဒီဘဝမှာ ငါက နှလုံးရောဂါဖြစ်နေတာများလား။ ချူချာတဲ့ မိန်းကလေးက လုလင်ပျို အချစ်ကို ရဖို့ ကြိုးစားရုန်းကန်ရပြီး နောက်ဆုံး နှလုံးရောဂါဖောက်ပြီး သေသွားရတာမျိုး။ ဒီလိုဘဝဇာတ်ကြောင်းမျိုး ငါ့ ခေါင်းထဲ ဖြတ်ဝင်လာတော့တယ်။

ငါ မျက်လုံးနှစ်လုံးဖွင့်လိုက်တော့ လှပတင့်တယ်စွာ ထုထွင်းထားတဲ့ မဟော်ဂနီရောင်သစ်သားကုတင်ကို အရင်တွေ့တယ်။ ငါ ချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ ဝင်စားတဲ့ပုံပဲ။ နောက်တော့ ကုတင်ကန့်လန့်ကာမှာ ရွှေချည်နဲ့ ပုံဖော်ထားတဲ့ ဇာမဏီကို သတိထားမိတယ်။ အာ... ဒီတစ်ခါ ငါ မင်းမျိုးမင်းနွယ်ထဲကို ဝင်စားတာဖြစ်ဖို့ များတယ်။

ရင်ဘတ်ထဲက နာကျင်မှုက ပိုပိုပြီး ပြင်းထန်လာတယ်။ ငါ မနေနိုင်တော့တဲ့အဆုံး နာနေတဲ့နေရာကို ထိလိုက်တယ်။ ဝေဒနာ သက်သာလို သက်သာငြားပေါ့။ ငါ ဘာတွေ့သွားတယ်လို့ ထင်သလဲ။ အံ့သြရလွန်းလို့ ငုံ့ကြည့်လိုက်မိတယ်။

ငါ့ရင်ဘတ်မှာ ဓားမြောင်တစ်ချောင်း စိုက်နေတာ တန်းလန်းကြီးဟာ...!  ဒီဟာထက်ပိုပြီး လန့်သွားစေတာကတော့ ငါ့ရင်ဘတ်အခြေအနေပဲ။ ဘာလို့ မတရား ပြားနေရတာလဲ။ ဒီလက်ကရော ဘာလို့ အရမ်းကြီးနေတာလဲ။ အသားမာတွေလည်း တက်နေသေး။ ငါ့လက်ဖြူဖြူနုနုဥဥလေး ဘယ်ရောက်သွားပြီလဲ။ လက်က မဖြူဘူးဆိုရင်တောင် နုဖတ်နေတာလေးတွေရော ဘယ်ရောက်သွားသလဲ။ ဒါကြီးက ယောကျ်ားလက်ကြီးမှန်း အသိသာကြီးဟာ...!

ငါ ကုန်းရုန်းထလိုက်တယ်။ ရင်ဘတ်ထဲက စူးအောင့်အောင့် နာကျင်မှုက သူ တည်ရှိနေသေးကြောင်း အချက်ပြနေလေရဲ့။ ငါ သွေးထွက်လည်း များတယ်။ ခေါင်းလည်း မူးလာပြီ။ ခုလေးတင် ဝင်စားတာကို ချက်ချင်းကြီး သေရတော့မှာလား။

"...နောက်ဘဝကျရင်၊ လူ့ပြည်မှာ အနှစ် ၂၀ လောက်နေရမယ်နော်၊ မဟုတ်ရင်... မင်း တမလွန်ကို ပြန်ရောက်တဲ့အခါ အပြစ်ပေးခံရမယ်" 

ကြမ္မာ ခုနစ်လီWhere stories live. Discover now