အခန်း (၅၄)

3.1K 323 35
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၅၄)/ အပိုဆောင်း

____

ချူခုန်း ပြန်လာပြီးတဲ့နောက် ပထမဆုံး သူ သွားတွေ့တာက ရှောင်ရှန်းဇီ။ ကောင်းကင်နန်းတော်ကို သူ ရောက်မလာနိုင်လို့၊ မိုးနတ်မင်းမှာ တမန်တော် နှစ်ဖွဲ့တောင် စေလွှတ်ပြီး သူ့ကို သွားခေါ်ခိုင်းခဲ့ရတယ်။

လူ့ပြည်နဲ့ တမလွန်ကို ခုနစ်ဘဝတာ သွားလာကျင်လည်ခဲ့ရတဲ့ အချိန်အတောအတွင်းမှာ ရှောင်ရှန်းဇီနဲ့ ချူခုန်းဟာ သက်ရှိသတ္တဝါတွေကို ဒုက္ခပေးအန္တရာယ်ပြုနေတဲ့ မသေမျိုးတစ်ပါးကို ဖယ်ရှားနှိမ်နင်းနိုင်ခဲ့တယ်။ ကိုယ်တိုင်ကလည်း ကောင်းကင်ဘုံမှာ ရှားရှားပါးပါး ချစ်သူစုံတွဲတွေ ဖြစ်လာကြတယ်ဆိုတော့ နတ်ဘုံလောကတစ်ခုလုံး ကြည်နူးဝမ်းမြောက်နေကြတော့တာပေါ့။

ကျောက်စိမ်းဧကရာဇ် နှုတ်ခွန်းဟလာတယ်။ သူ စားပွဲကို အသာခေါက်ရင်း ကြေညာလိုက်တော့တယ်။ "အိမ်း ဆုတော်လာဘ်တော် ချီးမြှင့်သင့်တယ်"

ဆိုတော့ကာ နှစ်ယောက်သား ခန်းမရှေ့မှာ ရိုရိုကျိုးကျိုးလေး ထိုင်ရင်း ဘာ ဆုတွေ ရလိမ့်မလဲ နားစွင့်နေလိုက်တာပေါ့။ ချူခုန်းရဲ့ မူလရာထူး ပြန်လည်အပ်နှင်းခံရတယ်။ သူ့လခက ငွေချိန် ၅ တုံးတိုးသွားပြီး အခြွေအရံ လေးပါးရှိတဲ့ ဗိမ္ဗာန်အသစ် ချီးမြှင့်ခံရလေတယ်။ ရှောင်ရှန်းဇီလည်းပဲ နတ်ဘုရားယွဲ့လောင်နဲ့ အဆင့်တူ နတ်ဘုရားအဖြစ် အဆင့်တက်သွားတယ်။ ယွဲ့လောင်ကို ကူပြီး ဖူးစာပိုးကြိုးနီတွေကို ရှင်းပေးတဲ့ ရာထူးပေါ့၊ လစာက ငွေ ၅ တုံးနဲ့။

"ဒါ့အပြင်"

ကျောက်စိမ်းဧကရာဇ်က သူ့မုတ်ဆိတ်မွေးကြီးကို သပ်နေလိုက်သေး။

"မင်းတို့နှစ်ယောက် ဘယ်တော့ ဟိုကိစ္စ လုပ်ကြမှာလဲ"

ရှောင်ရှန်းဇီကတော့ လစာ ငွေ ၅ တုံးရလို့ ပျော်နေလိုက်တာ၊ သူ ဘာပြောလို့ ပြောသွားမှန်းတောင် မသိလိုက်ဘူးရယ်။

ချူခုန်းကသာ အဆိုင်းအတွမရှိ ပြန်ဖြေလေတယ်။ "မြန်နိုင်သမျှ အမြန်ဆုံး စီစဉ်မှာပါ"

ကြမ္မာ ခုနစ်လီWhere stories live. Discover now