အခန်း (၃၂)

1.5K 242 5
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၂)
_____________

တပ်စခန်းကို ပြန်ရောက်တော့ သန်းခေါင်ကျော်လောက်ရှိနေပြီ။ ဝေ့ပြည်ထောင် စစ်တပ် အခြေစိုက်ထားတဲ့ ကျင်းယန်ဆိုတာနဲ့ မိုင် ၂၀ လောက်ပဲ ကွာတော့တယ်။ ချူခုန်း စခန်းကို ရောက်တာနဲ့ စစ်တိုက်ဖို့ကို ပြင်တော့တာပဲ။ ငါကတော့ စစ်သူကြီးတဲထဲမှာ ခွေနေလိုက်တယ်။ ဗိုက်ကလေးကို ပွတ်ရင်း နှိပ်ရင်း စိတ်အေးချမ်းသာစွာနေလို့ပေါ့။

တဲအပြင်ဘက်မှာတော့ လူတိုင်း မအားမလပ်နိုင်ကြဘူး။ ငါတော့ လက်ညှိုးတစ်ချောင်းတောင် လှုပ်စရာ လိုမနေဘူးပေါ့။ ဒီတော့ ငါ သိသိသာသာ ရွှင်လန်းတက်ကြွလာခဲ့တယ်။ ဒီလို ဘာမှ မလုပ်ဘဲနေရတာမျိုးက ငါ့ဘဝရည်မှန်းချက်လေဟာ။

ငါ့ခန္ဓာကိုယ် အနေအထားအရ တခြားစစ်သည်တွေနဲ့ တစ်တဲထဲနေလို့ မသင့်တော်ဘူး။ အဲဒါကြောင့် ငါ စစ်သူကြီးတဲမှာပဲ အိပ်ရတယ်။ ညဆိုရင် ငါ စစ်သူကြီးနဲ့အတူ အိပ်တယ်။ နေ့ဆိုရင် ချူခုန်းမှာ အလုပ်ရှုပ်နေရှာတာ၊ သူ့အရိပ်တောင် မတွေ့ရဘူး။ ဒီတော့ကာ ငါ သူ့တဲထဲမှာ အိပ် ကျန်နေခဲ့တာပဲ။ သိပ်မကြာပါဘူး၊ စစ်သူကြီးက ယောကျ်ားတစ်ယောက်ကို ချစ်နေတာဖြစ်ပြီး စစ်ထွက်တာတောင် အဲဒီလူနဲ့ မခွဲခွာနိုင်ဘူးဆိုတဲ့ ကောလဟလတွေ ထွက်လာတော့တယ်။ စိတ်ထဲမှာတော့ သွားလေသူ စစ်သူကြီး ချူချင်းဟွေ့အပေါ် မတရားပြုမိသလို ငါ ခံစားမိတာပေါ့။ ဒါ သူများရဲ့ နာမည်ကို မထိန်းသိမ်းပေးနိုင်တာလို့ ခေါ်တယ်။

နေ့တိုင်း ငါက သက်သက်သာသာလေး နေတယ်။ ချူခုန်းကတော့ ညဘက်တွေတောင် ဖယောင်းတိုင်လေးထွန်းပြီး စစ်ဗျူဟာတွေပဲ စဉ်းစားနေတာ။ ထွက်ပြေးဖို့ ကိစ္စကို သူ မေ့သွားပြီ။ ငါလည်း ရောယောင်ပြီး မေ့သွားခဲ့တယ်...

စစ်ဝတ်တန်ဆာတွေက သူ့ကို ပိုပြီးတော့တောင် ခက်ထန်တည်တင်းသွားစေသလိုပဲ။ ပထမဘဝတုန်းက လုဟိုင်ခုန်းနဲ့ သူ တော်တော်တူလာတယ်။ အဲဘဝတုန်းက လုဟိုင်ခုန်းမှာ သွေးကြွေးဆိုတဲ့ ကုန်းနှီးကြီး ထမ်းပိုးပြီး ရုန်းခဲ့ရတာ။ ပွဲခမ်းလမ်းသဘင်တွေလိုမှာ သဘောလောက်အနေနဲ့တောင် သူ့မျက်နှာမှာ အပြုံးမခိုနိုင်ခဲ့ဘူး။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရင့်ကျက်ယောင် ဆောင်ခဲ့ရရှာတယ်။ အရင့်ကျက်မြန်ဖို့အတွက်နဲ့ ရွယ်တူ လူငယ်တွေနဲ့ ခပ်ကင်းကင်းနေတယ်။ ပေါင်းသင်းရခက်တဲ့ လူဖြစ်သွားခဲ့တယ်။ ဘဝခရီးကို ရင်ကော့ခါးမတ်ပြီး ဆက်လျှောက်နိုင်ဖို့ ကြိုးစားနေတဲ့ သူ့ပုံကို ငါ တွေးမိတိုင်း သက်ပြင်းချမိတော့တာပဲ။ အခုရော... အတူတူပါပဲ။

ကြမ္မာ ခုနစ်လီWhere stories live. Discover now