အခန်း (၄၇)

1.2K 240 6
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၄၇)
__________

လုဟွားတောင်နဲ့ ဝေးသထက်ဝေးလာတော့မှ ငါ ရပ်လိုက်တယ်။ ငါ ပြန်လှည့်ပြီး မြင်းဒရယ်မိစ္ဆာကောင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်တယ်။ "ရပ်စမ်း...! ငါက နင့်ကို တစ်ခါလေး အလွှတ်ပေးလိုက်တာကို၊ နင်က ဒုတိယမ္ပိ ပြဿနာလာရှာရဲသေးတယ်ပေါ့၊ သေချင်နေတာလား"

မြင်းဒရယ် မိစ္ဆာက ငါ ပြောတာကို အဖက်ပြန်မလုပ်ဘူး။ သူ့ခွာကြီးတွေကို ဆောင့်ချကာ အားယူပြီး ငါ့ဆီကို ညာသံပေးကာ ပြေးဝင်လာလေတယ်။ သူ့အရှိန်က မြန်လွန်းလို့ ငါ ရှောင်လိုက်နိုင်တယ်ဆိုရုံ ကပ်သီလေး လွတ်တယ်။ သူ ငါ့ဆီကို ပြေးလာနေတုန်းမှာ ငါ လက်တစ်ဖက်ကြွပြီး သူ့ဦးချိုကို လှမ်းကိုင်ဆွဲလိုက်တယ်လေ။ ငါ့ခြေနှစ်ဖက် မြေကနေ ကြွသွားတယ်။ တစ်ကိုယ်လုံး ယိမ်းလိုက်ပြီး ခုန်ကာ သူ့ကျောပေါ် ငါ တက်ထိုင်လိုက်တယ်။ သူ့ကျောပေါ်က လိုက်စီးနေတော့ သူအတော်လေး မကျေမနပ်ဖြစ်သွားတာပဲ။ ခြေလေးဘက်စလုံး ဒေါသတကြီး အသေဆောင့်ပြီး ငါ့ကို ခါချဖို့ နည်းမျိုးစုံနဲ့ အသည်းအသန် ရုန်းတော့တာပဲ။

ငါ့ခြေနှစ်ဖက်က သူ့ကိုယ်ထည်ကြီးကို သေချာညှပ်ခွထားလိုက်တယ်။ လက်နှစ်ဖက်က သူ့ချိုကို ခိုင်ခိုင်မြဲမြဲ ချုပ်ကိုင်ထားလေတယ်။ အားနဲ့ ဖြစ်ညှစ်ကြည့်တော့မှပဲ သူ့ခေါင်းပေါ်က ချိုလိုဟာကြီးက အသားမာလိုဟာမျိုးနဲ့ ဖွဲ့စည်းထားမှန်းသိတော့တယ်။ တအားညှစ်ကြည့်လိုက်ရင် ပျော့ဝင်သွားတာ. . . . .

ဒီကောင်ကြီး ခုနက ငါ့ကို ဟောဒီအသားမာ ချိုအပျော့နဲ့ ထိုးသတ်မလို့ လုပ်လိုက်တာလား။ သူ့ကျောပေါ်မှာ နေရင်းကပဲ ငါ ရယ်မိလိုက်တယ်။ "ဟဲ့ ပိန်းတိန်းလေး၊ အခုတော့ ငါ နင့်ကို ရိုက်တောင် မရိုက်ရက်တော့ဘူး"

စကားအရသာ ပြောတာပါဟာ၊ ရိုက်ဖို့လိုတဲ့အရာက ရိုက်ကို ရိုက်ပေးရတယ်။

ငါ လက်တစ်ဖက်က သူ့အသားမာချိုကို သေချာ ဆုပ်ကိုင်ထားလိုက်တယ်။ မန္တန်ဂါထာတစ်ခုသုံးပြီး သူ့ချိုကို လွတ်မထွက်သွားစေဖို့ စီရင်လိုက်တာပေါ့။ နောက်လက်တစ်ဖက်နဲ့ ယပ်တောင်တစ်ချောင်းထုတ်လိုက်တယ်။ ဒီယပ်တောင်က ဘာလက်နက်မှ မဟုတ်ဘူး၊ လူသားတွေ သုံးတဲ့ ဟာပဲ၊ ဒါပေမဲ့ အများကြီး အသုံးတည့်တယ်။ ငါ ယပ်တောင်ကို သေချာကိုင်ထားပြီး မြင်းဒရယ် သားရဲမိစ္ဆာရဲ့ ဖင်တုံးကြီးကို ရိုက်လိုက်တော့တယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now