အခန်း (၃၈)/ ခ

1.3K 252 11
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၈)/ ခ
__________

နင် ငါ့ကို ဆေးအရှိန်ပြယ်အောင် လုပ်ပေးတာကလွဲရင် ဘာလုပ်လို့ ရဦးမှာလဲလို့...! ငါ စိတ်ထဲက ပြောရုံပါပဲ၊ ပါးစပ်က လွှတ်ကနဲပါ ထုတ်ပြောလိုက်မိမယ် မထင်မိဘူး။ "နင် ငါ့ကို ကူပြီး လုပ်ပေးရမှာပေါ့"

ရုတ်တရက်ကြီး ငြိမ်ဆိတ်သွားတယ်။ လေအေးအေးတွေ ကြားမှာ ငါတို့ရဲ့ ထွက်သက်တွေက အဖြူရောင် အခိုးတွေ အဖြင့် ပြောင်းလဲသွားတယ်။ ငါတို့ တစ်ယောက်ကို တစ်ယောက် အကြာကြီး ဆက်ကြည့်နေခဲ့မိတယ်။ နောက်ဆုံးတော့ ငါပဲ အရင်အကြည့်လွှဲလိုက်ပါတယ်။ ငါ့ပါးစပ်ငါလည်း နှစ်ချက် သုံးချက်လောက် ရိုက်ပုတ်လိုက်မိတယ်။

အဲသလို မပြောလိုက်သင့်ဘူးလေဟာ...! ဘာလို့ ငါ ထိန်းမရတာလဲ။

ဧကန္တ... ငါ့မျက်လုံးတွေက ချူခုန်းလက်ထဲက သေရည်ကရားဆီကို ရောက်သွားပြန်တယ်။

ချူခုန်းကတော့ ရုတ်တရက် တုန်သွားရှာတယ်။ သူ သေရည်ကရားကို သစ်သားစားပွဲပေါ် ချထားလိုက်တော့တယ်။ သေရည်တွေ ဘောင်ဘင်ခတ် ကန်ထွက်ပြီး ဖိတ်စင်ကုန်တယ်။ "ပလွတ် ပလောက်" မြည်ပြီး အောက် ငါးထပ်လုံးဆီ ဖြတ်ဆင်းသွားတော့တယ်။

ငါ ချူခုန်းကို ကြည့်တော့ သူက နောက်ကိုတောင် ခြေလှမ်းအနည်းငယ်ဆုတ်လို့ သွားပြီ။ သူ့မျက်နှာကြီးက နေထိုးထားလို့ နီနေသလိုကို နီရဲနေတာ။

"ကူ... လုပ်ပေးရမှာလား" 

သူ့စိတ်ထဲ ဘယ်လိုတွေ စိတ်ကူးပုံဖော်ကြည့်နေလဲတော့ ငါလည်း မသိဘူး။ သူ့အသံက တော်တော်လေး အက်ရှရှနိုင်လာတယ်။

သူ ရှက်နေတဲ့ ပုံစံနဲ့တင် ငါ နားရွက်တွေပါ ပူထူသွားမိပြီလေ။ ငါ မျက်နှာကို သပ်ချလိုက်ပြီး စိတ်ငြိမ်အောင် ကြိုးစားမိတယ်။

"သိပ်အများကြီး လျှောက်တွေး မနေနဲ့၊ ဒီသေရည်မှာ ပါတဲ့ ဆေးက တခြားဟာလည်း ဖြစ်နိုင်တာပဲ"

ချူခုန်း ငါပြောလိုက်တာကို ကြား မကြားတော့ မသိဘူး။ သူ ချက်ချင်းထရပ်ပြီး ငါ့ကို ကျောခိုင်းလိုက်တာပဲ တွေ့တယ်။ သူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခပ်သွက်သွက် ဆိုလာတယ်။ "အရင်ဆုံး တည်းခိုခန်းကို ပြန်ရအောင်၊ တခြားနည်းလမ်း မရှိဘူးဆိုရင်လည်း... နှင်းတောထဲ သွားလူးလိမ့်နေပေါ့"

ကြမ္မာ ခုနစ်လီWhere stories live. Discover now