အခန်း (၄၃)

1.3K 242 5
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၄၃)
__________

ဇီဟွေ့က ငါနဲ့ ချူခုန်းကို ကျောက်လှိုဏ်ဂူထဲ ဦးဆောင်ခေါ်လာလိုက်တယ်။ လှိုဏ်ဂူကတော့ ပြောင်းလဲသွားတာ မရှိဘူး။ တစ်ခုလေးပဲ၊ အခုချိန်မှာ ငါနဲ့ ချူခုန်းက နတ်ခန္ဓာပြန်ရသွားပြီမို့ ဒီနေရာရဲ့ မှော်ဓာတ်သက်ကို အာရုံခံနိုင်သွားတာတစ်ခုပဲ ပိုတယ်။

ငါတို့ ကျောက်ဂူထဲ ဝင်သွားလိုက်တော့၊ အမျိုးသမီးတစ်ယောက်ရဲ့ ဝိညာဉ်က ကျောက်ခုံတန်းလေးမှာ ထိုင်နေတယ်။ သူ့ခေါင်းက လက်ထဲက တစ်စုံတစ်ခုကို ကြည့်နေတာ။ ဇီဟွေ့ သူ့ဆီကို လျှောက်သွားလိုက်ပြီး သူ့ရှေ့မှာ ထိုင်ချလိုက်တယ်။ သူ ရယ်ကာမောကာနဲ့ သူမကို မော့ကြည့်လေတယ်။ "အားလော့ ကိုယ် ပြန်ရောက်ပြီနော်"

အားလော့ မော့ကြည့်လိုက်တယ်။ သူ ဇီဟွေ့ကို တော်တော်ကြာကြာလေး ကြည့်နေပြီးတော့မှ ပြုံးလိုက်လေတယ်။ "ဇီဟွေ့ အပြင်မှာ ငှက်ကလေးတွေ အသံ ဘယ်လိုနေလဲ"

"ဒီနေ့ အတော် ဆူညံနေတာပဲ၊ မင်း အနားယူတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကိုယ် မောင်းထုတ်လိုက်ပြီ၊ အားလော့ ငှက်သံနားထောင်ချင်တယ်ဆိုရင်တော့ ကိုယ် သွားဖမ်းလာပေးမယ်လေ"

အားလော့ ခေါင်းခါလိုက်တော့တယ်။ "ငှက်ကလေးတွေက လွတ်လပ်နေတော့မှပဲ အသံသာနိုင်တာ"

သူ့မျက်ဝန်းတွေက ငါ့ဆီကို ရောက်လာတယ်။ ငါလည်း သူ့ကို နှုတ်ဆက်မလို့ပဲ၊ သူက ရယ်ရယ်မောမောနဲ့ ကြည့်ရင်း ဆက်ပြောလာတယ်။ "မနေ့ညက လေတိုက်လို့ ပြတင်းပေါက် ကျိုးသွားတာထင်တယ်၊ ခဏနေ ပြန်ပြင်ပေးနော်"

ဇီဟွေကတော့ ဟုတ်တာ၊ မဟုတ်တာ ဂရုစိုက်မနေဘူး။

ငါ ငါ့နောက်ကို ပြန်လှည့်ကြည့်တော့လဲ ကျောက်နံရံပဲ တွေ့တယ်ရယ်။ ငါ့ခြေတွေ လက်တွေကို ပြန်ငုံ့ကြည့်မိတော့တယ်။ ငါ ချူခုန်းကို လှည့်မေးတယ်။ "ငါ့ကို တံခါးရွက်ကျိုးနေတဲ့ ပြတင်းပေါက်လို့ သူ ပြောသွားတာလား၊ သူ ငါ့ကို ဆဲလိုက်တာလား ဘာလား"

ကြမ္မာ ခုနစ်လီWhere stories live. Discover now