အခန်း (၄၄)/ က

1.2K 246 6
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၄၄)/ က
__________

ငါ ပါးစပ်ကိုသာ အုပ်ကာ ပိတ်ထားလိုက်မိတော့တယ်။ ထိတ်လန့်ရလွန်းလို့ ဘာပြောရမယ် မသိတော့ဘူး။ ကျင်လျန်ကတော့ ရင်ဘတ်ကို ဆုပ်ကိုင်ထားတယ်။ သူ့ပါးစပ်ထဲက သွေးတွေ အန်ထွက်လို့။ သူ့မျက်နှာက ဖုတ်ကောင်လို ဖြူရော်မွဲခြောက်လာတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မကောင်းဆိုးဝါးဓာတ်သက်တွေ အလွှာလွှာ အထပ်ထပ် ဖုံးကွယ်လို့ထားလေတယ်။ ငါ့မှာ မွန်းကြပ်မှုတွေ ခံစားလာရတာပဲ။ ဒီအမှောင်လွှာထုတွေရဲ့ နောက်ကွယ်ကနေ ကျင်လျန် ငါတို့ဘက်လှည့်ကြည့်လာတာတွေ့လိုက်ရတယ်။ သူ့မျက်လုံးတွေက နီမြန်းနေပြီ။ သူ လက်တစ်ဖက်ဆန့်ပြီး ငါ့ဆီ ကမ်းလိုက်တယ်။ "ယဇ်ကောင်"

မကောင်းဆိုးဝါးဓာတ်သက်တွေက ငါနဲ့ ချူခုန်းအပေါ် လုံးဝလွှမ်းခြုံသွားတော့တယ်။ ချူခုန်း ငါ့ရှေ့မှာ ပိတ်ရပ်ပေးနေတာတောင် ငါတို့ကို ကျင်လျန်ဆီ ဆွဲခေါ်နေတဲ့ အင်အားစုကြီးတစ်ခု ရှိနေသလိုပဲ။

ချူခုန်း တစ်ကိုယ်လုံး တောင့်တင်းနေတော့တယ်။ သူကလည်း ဒီမကောင်းဆိုးရွားနတ်ဆိုးဓာတ်သက်တွေကို ခုခံတိုက်ခိုက်နေပုံပါပဲ။ ငါကလည်း အတတ်နိုင်ဆုံး ဒီဓာတ်သက်တွေကို ခါချပြီး ခြေကို မြေမှာ မြဲမြံနေအောင် ကုပ်ထားလိုက်တယ်။ ငါ လက်ကို ဆန့်ပြီး ချူခုန်း ခါးကို ဖက်ထားလိုက်တယ်။ သူ့အားကိုပါ အားကိုးပြုတဲ့ သဘောပေါ့။

ကျင်လျန်က သူ့အပေါ်က လွှမ်းခြုံရစ်ပတ်ထားတဲ့ မကောင်းဆိုးဝါးဓာတ်သက်ထုကြီးကို ဖောက်ခွင်းထွက်ပြီး ငါတို့ဆီ ပြေးလာမယ်လို့ မထင်ထားခဲ့မိဘူး။ သူ့လက်က ချူခုန်း လည်ပင်းကို လှမ်းဆုပ်ကိုင်တယ်။ ချူခုန်းက မကောင်းဆိုးဝါးဓာတ်သက်ကို ခုခံဖို့ပဲ အာရုံရောက်နေတော့ ကျင်လျန်ရဲ့ ရုတ်တရက် တိုက်ခိုက်လာမှုကို မမျှော်မှန်းလိုက်မိဘူး။ သူ အံ့အားသင့်သွားပြီး အလိုလို နောက်ကို ဆုတ်ရှောင်လိုက်ဖြစ်ပေမဲ့ အဲသလို လုပ်မိတာကြောင့် သူ့ခြေကျင်းဝတ်ပေါ်ကို မကောင်းဆိုးဝါးအငွေ့အသက်တွေ ရစ်နွယ်တက်ကုန်တော့တယ်။ သူ့ခြေလှမ်းတွေ ချက်ချင်း ယိုင်ယိမ်းသွားတော့တာပဲ။ ချက်ချင်းဆိုသလို ကြီးမားတဲ့ အင်အားတစ်စုက ချူခုန်းကို ကျင်လျန်ဆီ ဆွဲခေါ်သွားလေတယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now