အခန်း (၃၉)/ ခ

1.4K 249 14
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၉)/ ခ
__________

ငါ့နားအနားမှာ လေတိုးသံ ဝှီးကနဲ ကြားရတယ်။ ပြီးတော့ လေသံကလွဲလို့ တိုးတိတ်မှုသာ ငါ ကြားနိုင်တော့တယ်။ ငါ ပြန်လှည့်ကြည့်တဲ့ အခါမှာတော့ ဟိုဘက်မှာ အရိပ်ကလေးတစ်ခုတောင် မရှိတော့ဘူး။

ချူခုန်း၊ သူ တကယ်ကြီး... ထွက်ပြေးသွားတယ်။

ငါ တည်းခိုခန်းကို ပြန်ရောက်တော့ ဇီဟွေ့က လူမရှိတဲ့ ခန်းမမှာ တစ်ယောက်တည်း ထိုင်နေတယ်။ ဝတ်စုံပြည့်နဲ့။ ငါ ပြန်လာတာတွေ့တော့ သူ မျက်လုံးတွေ မှေးသွားတဲ့အထိ ပြုံးတော့တယ်။ "ခုလေးတင် ချူခုန်း အဝတ်အစား ဖိုသီဖတ်သီကြီး မပြီး အခန်းထဲ ပြေးဝင်သွားတယ်၊ အားရှန်းမိန်းကလေးကတော့ တက်တက်ကြွကြွပဲ ပြန်လာပါရော့လား၊ ဒီအခြေအနေကြီးက ကျွန်တော် ခန့်မှန်းထားတာနဲ့ ပြောင်းပြန်ဖြစ်နေသလိုပဲ"

ချူခုန်း ဇီဟွေ့ကို တွေ့တာတောင် ရိုက်နှက်တာတွေ ဘာတွေ မလုပ်သွားဘူးတဲ့လား။ ကြည့်ရတာ သူ့ရင်ထဲ အတော်လေး ဗြောင်းဆန်သွားပုံရတယ်။ အလိုရမ္မက်မရှိတဲ့ ထာဝရရှင်သန်သူတစ်ပါးအဖြစ်နေရာခဲ့ရာကနေ၊ ငါနဲ့ အပြင်ကြီးမှာ... လုပ်မိတော့မလိုဆိုတော့။

သူက မာနကလည်း ကြီးသေး။ ငါ့ရှေ့မှာ ဘောင်းဘီပါ ကျွတ်ကျသွားခဲ့တာလေ။ ချူခုန်း ရင်ထဲမှာတော်တော်လေး လောင်နေမှာ။

ငါ ဇီဟွေ့နားသွားလိုက်ပြီး သူ့အင်္ကျီလည်ပင်းစကို ဆွဲပြီး အေးစက်စက် မေးလိုက်တော့တယ်။ "နင်က ဒီမှာ ငါတို့ကို ထိုင်စောင့်နေရဲသေးတယ်ပေါ့၊ နင် သေရည်ထဲ ဘာတွေ ခတ်ထားတာလဲ"

ဇီဟွေ့ကတော့ အေးအေးလူလူ ရယ်နေတယ်။ "အဲသေရည်နာမည်က "မုသားမဲ့ သေရည်" တဲ့၊ လူတွေ အဲဒါကို သောက်မိရင် အမှန်စကားတွေပဲ ပြောမိတာ"

မုန်းလိုက်တာ၊ ငါ ပြန်အော်မိတော့တယ်။ "ဒါ့ဖြင့် ငါ့ကို အဲသေရည်တိုက်ပြီး နင် ထွက်သွားပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်စေချင်တာလဲ၊ ဘာဖြစ်အောင်လို့ ရည်ရွယ်နေတာလဲ"

ကြမ္မာ ခုနစ်လီWhere stories live. Discover now