Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.
Translator - No_Coz
အခန်း (၂၅)
__________ချူခုန်းတစ်ယောက် သူ ကိုယ်ဝန်ရှိနေတာ သိပြီးနောက်ပိုင်း ဘယ်ကို ပြေးသွားလဲ ငါ မသိဘူး။ ငါကတော့ တစ်နေကုန်တစ်နေခမ်း အိပ်ရာထဲမှာပဲ။ တစ်ရက်မှာတော့ ငါ အပြင်လျှောက်သွားကြည့်ချင်လာတယ်။ တခြားဘာမှ မသိနိုင်ဘူးဆိုရင်တောင် ငါ နေတဲ့နေရာကိုတော့ ကောင်းကောင်းသိသင့်တာပေါ့။ ငါ ရင်ဘတ်က ဝေဒနာကို သည်းခံတောင့်ခံပြီး စောင်ကို ဖယ်မတယ်။ အပေါ်ဝတ်လေး ဘာလေး ဝတ်ပြီး အပြင်ထွက်လာလိုက်တယ်။
ငါ တံခါးဖွင့်လိုက်တော့ ပထမဆုံးတွေ့တာ ငါ့အစေခံ၊ တစ်ချိန်လုံး အပြင်မှာ ရပ်စောင့်နေပုံရတယ်။ ငါ့ကို တွေ့တာနဲ့ သူက ဆိုတယ်။ "စစ်သူကြီး ဒဏ်ရာက မကျက်သေးပါဘူး၊ အပြည့်အဝ အနားယူဖို့ လိုပါမယ်"
ငါ ချောင်းဟန့်လိုက်ပြီး မျက်နှာကို တည်ထားလိုက်တယ်။ နောက်ပြီး ပြောလိုက်တယ်။ "အိပ်ရာထဲ တစ်ချိန်လုံး လှဲနေရတာ ငြီးငွေ့တယ်... ခဏ လမ်းလျှောက်မလို့"
"ဒါဆို... ဒီကျွန်တော် စစ်သူကြီးအတွက် ပြင်စရာရှိတာ ပြင်ဆင်ပေးပါမယ်"
ငါ ရင်ဘတ်ကို သပ်လိုက်မိတယ်။ လူတွေကလည်း ကရိကထများလိုက်တာဟယ်။ ဒီဒဏ်ရာလေးနဲ့ လမ်းလေးနည်းနည်းလျှောက်တာ သေသွားမှာမို့လား။ ငါ လက်ကာပြလိုက်တယ်။ "မလိုပါဘူး၊ ခြံထဲက မီးအိမ်တွေ လိုက်ထွန်းထားရင် ရပြီ"
ဒီကျွန်ယုံက နဂိုစစ်သူကြီးကို တော်တော်လေး လေးစားရိုသေခဲ့တာ။ အပေါ်ယံမှာ သူ တွေဝေနေပုံပေါက်ပေမဲ့ ဘာမှ ပြန်မပြောရဲဘူး။ ငါ့အမိန့်အတိုင်း သူ မီးအိမ်ပဲ ထွန်းထားလိုက်တော့တယ်။
"စစ်သူကြီး ဘယ်ဘက်သွားချင်လို့ပါသလဲ"
ငါ မျက်လုံးလှန်ပြလိုက်တော့တယ်။ "ဆိတ်ငြိမ်တဲ့ဘက်"
သူ ငါ့ရှေ့ကနေ တိတ်တိတ်ဆိတ်ဆိတ်လျှောက်သွားတယ်။ ကွေ့ကွေ့ကောက်ကောက်တွေ အများကြီး လျှောက်ပြီးတဲ့နောက်မှာတော့ ဥယျာဉ်အပြင်ဘက်မှာ ငါတို့ ရပ်လိုက်ကြတယ်။ ငါ ခေါင်းညိတ်ကာ သူ့ကို ပြောလိုက်တယ်။ "မင်း ဒီမှာပဲ စောင့်နေ၊ ငါ့ဘာသာ လျှောက်ချင်တယ်"
YOU ARE READING
ကြမ္မာ ခုနစ်လီ
Humorကောင်းကင်ဘုံမှ တိမ်ဝိညာဉ်ရှောင်ရှန်းဇီနှင့် ချူ ခုန်းတို့ ခိုက်ရန်ဖြစ်ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်ထွေးသွားစေခဲ့မိသည်။ ထို့ကြောင့် အပြစ်ဒဏ်အနေနှင့်၊ ရန်ဖြစ်ရကောင်းလားဟုဆိုကာ နှစ်ယောက်သားကို လူ့ပြည်မှာ ၇ ဘဝစာ ဖူးစာဖက...