အခန်း (၂၈)/ က

1.4K 245 3
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၂၈)/ က
__________

နန်း. . . နန်းတော်ထဲ သွားရမယ်တဲ့လား။

အခုတလော ဒီစစ်သူကြီးနဲ့ ဟိုမင်းသမီးက သိပ်သင့်မြတ်နေကြတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်ကကို အချင်းချင်း သတ်ဖို့ လုပ်နေကြတာ။ ပြီးတော့ မင်းသမီး ကိုယ်ဝန်ပျက်ကျခါစ။ ရှင်ဘုရင်က "ငါ့"ယောက်ဖတော်ဖြစ်နေတာဆိုတော့ သေချာပေါက် ငါ့ကို ပညာပြ သင်ခန်းစာပေးတော့မှာပဲ။

ငါ ရင်ထဲ မကောင်းတော့ဘူး။ နန်းတွင်းသွားရာ လမ်းတစ်လျှောက်မှာ ထွက်ပြေးဖို့ နည်းလမ်းတွေ အများကြီး စဉ်းစားနေမိသေးတယ်။ ဒါပေမဲ့ ငါ့ဘေးနားကနေ မြင်းစီးပြီးလိုက်လာတဲ့ ချူယိကို လှမ်းကြည့်မိတော့ သူ ငါနဲ့ အတူတူထွက်ပြေးမှာ မဟုတ်လောက်ဘူးဆိုတာ တွေးမိပြန်တယ်။ ဘေးနားမှာ ခစားပေးမဲ့ ခြွေရံသင်းပင်းမရှိဘဲနဲ့ သာမန်လူလို နေရရင် ဘဝကြီးက လွယ်နေတော့မှာ မဟုတ်ဘူး။

ငါ အံကို ကြိတ်ရင်း စိတ်ငြိမ်အောင်ထားလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိတော့တယ်။ ရေရှည်မှာတော့ အဲဒီ ဘုရင်က ပြဿနာမရှိနိုင်ပါဘူးလေ။ သူ ဘယ်လောက်တော်နေ စွမ်းနေပါစေ၊ ဒီ ယောက်ျား ရင့်မာ လူကြမ်းကြီးရဲ့ အတွင်းထဲမှာ နုနယ်တဲ့ မိန်းကလေးတစ်ယောက် ဝိညာဉ်ရှိတယ်ဆိုတာကို မြင်နိုင်မှာမှ မဟုတ်တာ။

ပထမဘဝတုန်းကလည်း အဖေစုန့်နဲ့အတူ နန်းတော်ထဲ ခဏ ခဏ သွားဖူးခဲ့တာပဲ။ အဲအချိန်တုန်းက နန်းတွင်း ဓလေ့ထုံးတမ်းတွေကို ငါ မှတ်မိနေသေးတယ်။ ရှန်နန်းဆောင်ကို ကျော်ဖြတ်လာပြီးတဲ့နောက်မှာ ကုန်းကုန်းက ငါ့ကို တော်ဝင်စာကြည့်ဆောင်ဆီ ခေါ်သွားခဲ့တယ်။

စားပွဲခုံကြီးနောက်မှာ ထိုင်နေတာကတော့ အနီရင့်ရင့် ဝတ်ရုံဆင်မြန်းထားတဲ့ လူတစ်ယောက်။ မျက်နှာထားတည်တင်းတင်းနဲ့ တစ်စုံတစ်ရာ ချရေးနေတယ်။ ငါ စိတ်ထဲကနေ ကြိတ်တွေးနေမိတာပေါ့။ နှစ်ယောက်စလုံးက မင်းတွေဖြစ်ပါလျက်နဲ့ လူ့ပြည်က မင်းက ငရဲပြည်က ယမမင်းထက် ရာဇဣန္ဒြေနဲ့ ပြည့်စုံနေပါလားလို့။

ကြမ္မာ ခုနစ်လီWhere stories live. Discover now