အခန်း (၃၁)/ က

1.4K 245 2
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၁)/ က
___________

ငါ အော်လိုက်တဲ့အသံက အချိန်အကြာကြီး ပဲ့တင်ထပ်သွားခဲ့တယ်။ ဒီတစ်ချိန်လုံး ငါ့မျက်နှာကြီး နီမြန်းနေခဲ့တာပေါ့။ ငါ ချူခုန်းဘက်ကို လှမ်းပြီး ခိုးကြည့်လိုက်မိတယ်။ သူကလည်း ငါ့ကို ကြည့်နေတာပါပဲ။

"အာ... တောင်းပန်တယ်နော်၊ ရှင်တို့နှစ်ယောက် အဲသလိုပတ်သက်မယ် မထင်မိလို့ပါ..."

အမျိုးသမီးရဲ့အသံက ငါတို့ဆီကို ဦးတည်လာတယ်။ ချူခုန်း လည်ပင်းကနေစလို့ နားရွက်ဖျားထိတိုင် အနီဖြန်းသွားတော့တာပဲ။

ငါ တံတွေးမျိုချလိုက်မိတော့တယ်။ ခေါင်းကို အသာခါလိုက်တော့ အဲဒီမိန်းကလေးကို မျက်စောင်းပြန်ထိုးလိုက်နိုင်လောက်အောင် အသိတရား ဝင်လာခဲ့တယ်။ "ရှင် ဘာပေါက်ကရတွေ ပြောနေတာလဲ၊ သူနဲ့ ကျွန်မက အဲသလို ပတ်သက်တာမျိုး မဟုတ်ပါဘူးနော်...!"

ငါနဲ့ ချူခုန်း ဝင်စားနေတဲ့ ခန္ဓာရှင်တွေကတော့ အဲသလို ပတ်သက်ခဲ့တာဆိုပေမဲ့ပေါ့...

အဲဒီအမျိုးသမီးက အူတူတူနဲ့ ဆက်ပြောပြန်တယ်။ "ဒါဆို ရှင် ဘာလို့ သဝန်တိုနေတာလဲ"

ဒါ... ဒီမေးခွန်းက အတော်ကောင်းတဲ့ မေးခွန်းပဲ။ ငါ မျက်နှာပူလာတယ်။ နားထင်ကို လက်နဲ့ နှိပ်နေရင်း ပြန်သာ ဖြေလိုက်မိခဲ့တယ်။ "ဘယ်သူက သဝန်တိုနေလို့လဲ၊ ကျွန်မ... ကျွန်မက ရှင် ဇီဟွေ့နဲ့ လက်ထပ်ထားပြီးသားဆိုတာကိုပဲ သတိပေးချင်တာ... ရှင် သစ္စာမပြောင်းသင့်ဘူး၊ မိန်းမတစ်ယောက်က ယောကျ်ားနှစ်ယောက်မယူရဘူးလေ..."

သူက သူ့ခေါင်းသူ အသာထုလိုက်လေရဲ့။

"အာ... ကျွန်မ ဇီဟွေ့နဲ့ လက်ထပ်ထားတာကို ခုနက မေ့သွားမိတယ်နဲ့တူတယ်"

သူ ပစ်ထားခံရတာ ပိန်းလွန်းလို့ ဖြစ်ရမယ်။ တခြားအကြောင်းဆိုရင်တောင် ငါ မယုံနိုင်တော့ဘူး။

"အချိန်ကိုပဲ ယိုးမယ်ဖွဲ့ရလိမ့်မယ်... ကြာခဲ့ပြီကိုး"

အမျိုးသမီးက အပေါ်ဘက်ဆီကို မော့ကြည့်လေတယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now