အခန်း (၃၇)/ က

1.4K 247 6
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၇)/ က
__________

မာန်ဖီဟိန်းသံကြီး ကြားလိုက်ရတယ်။ ငါ မော့ကြည့်လိုက်တော့ ရွှေရောင်အလင်းတန်းတွေရယ်၊ နှင်းမှုန်တွေလို ကြွေကျလာတာ။ သွေးဆာတဲ့ မန္တာန်ပျက်သွားလေပြီ။

နှင်းတောင်ထိပ်မှာ မတ်တပ်ရပ်နေတဲ့ ချူခုန်းရဲ့ ကိုယ်ဟန်ကို ငါ တွေ့ရတယ်။ သူ့ဝတ်ရုံနဲ့အတူ ဆံရှည်တွေက လေအလာမှာ လွန့်လူးနေလေတယ်။ ငါ သူ့မျက်နှာကို မမြင်ရပါဘူး၊ ဒါပေမဲ့ မြင်ရဖို့လည်း လိုမနေဘူး။ သူ့ကိုယ်ရိပ် တစ်ခုနဲ့တင် ငါ့ကို ရင်သပ်ရှုမောဖြစ်သွားရစေနိုင်တယ်။ ငါ့ရင်ထဲမှာ ငါ့နှလုံးသားက တဒိန်းဒိန်းခုန်နေပြီ။
 
အဲဒီကောင်... သူ ဘာဖြစ်လို့ ဒီလို လှလှပပကြီး ဟန်ရေးပြနေတာတုန်း...

ရုတ်တရက် ချူခုန်း လှုပ်လာတယ်။ သူ ငါ့ဘက်ကို လှည့်လာတယ်။

ငါ့ဘေးနားမှာ ရှိနေတဲ့ ဇီဟွေ့ကလည်း ပြုံးလေတယ်။ သူ့ကို လက်ဝှေ့ယမ်း နှုတ်ဆက်တော့တယ်။ ပြီးတော့ အော်လိုက်သေး။ "ရှစ်ဖူ မတွေ့ရတာ ကြာပြီနော်"

ချူခုန်း မျက်နှာပေးက ဘယ်လိုဖြစ်သွားသလဲတော့ ငါ မမြင်ရပါဘူး၊ ဒါပေမဲ့ ငါ့ဖဝါးအောက်က မြေပြင်ကြီး တုန်သွားတာကိုတော့ သိလိုက်ရတယ်။ ဇီဟွေ့လည်း နှုတ်ဆိတ်စွာနဲ့ ငါ့ခါးကို ဖက်ထားတဲ့ လက်ကို ပြန်ရုတ်သွားလေတယ်။ ပြီးတော့ အပြုံးမပျက်တဲ့ မျက်နှာနဲ့ ဆက်ပြောလေရဲ့။ "အို့၊ ရှစ်ဖူက အခုဆို နတ်ဘုရားဖြစ်သွားပြီပဲ မေ့လို့၊ ကြည့်ရတာ ကိုယ် ရှစ်ဖူကို နောက်လို့ မကောင်းတော့ဘူးထင်တယ်"

ငါ မျက်လုံးတွေ မှေးစင်းလိုက်ပြီး ဇီဟွေ့ကို ပြန်ကြည့်လိုက်တော့တယ်။ ဆိုတော့ကာ ဒါက ဒီလိုကိုး။ လူတိုင်း သတ္တဝါတိုင်းဟာ ကိုယ့်ထက် အားနည်းသူကိုတော့ အနိုင်ကျင့်တတ်ကြပြီး အင်အားကြီးနေရင် ကြောက်တတ်ကြတဲ့ သတ္တဝါတွေကိုး။

"မန္တာန်ကို ဖျက်ဆီးတာ ဘယ်သူဖြစ်ဖြစ် သေကို သေရမယ်...!"

မိစ္ဆာကောင်က ထွက်သွားသေးတာ မဟုတ်ဘူး။ သူ ကောင်းကင်ကို မော့ကြည့်ရင်း အော်မြည်နေလေတယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now