အခန်း (၄၁)/ က

1.2K 242 4
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၄၁)/ က

__________

ကျောက်ဖြူတွေ ထည့်ထားတဲ့ အိတ်ကြီးတစ်ခုလုံး မြေကြီးပေါ် ကျသွားတော့တယ်။ ချူခုန်းနဲ့ ငါလည်း အဲသလိုကြီး ဝရုန်းသုန်းကား ပြုတ်ကျတာပဲ။ ကျောထိထားတဲ့ ဒဏ်ရာကြောင့် ငါ့မှာ ထိုင်မရ၊ ထမရနဲ့။

ချူခုန်းကလည်း လက်တစ်ဖက်ပဲ အသုံးပြုနိုင်တယ်။ သူ ငါ့ကို ပွေ့ချီလိုက်မယ်ဆိုရင် ကျောက်ဖြူအိတ်ကို သယ်နိုင်မှာ မဟုတ်တော့ဘူး။ ငါတို့ ခဏလောက် စဉ်းစားကြပြီးနောက်တော့ ဒီနေရာမှာပဲ တစ်ရက်လောက်နားဖို့ ဆုံးဖြတ်လိုက်ကြတော့တယ်။ ပြီးမှ ခရီးဆက်မယ်ပေါ့။ 

အဲဒီညက ချူခုန်း ထင်းနည်းနည်းလောက် ရအောင်ရှာပြီး မီးမွှေးတယ်။ ငါလည်း နာကျင်နေတာတွေကို တောင့်ခံပြီး သူ့လက်ကျိုးနေတဲ့ နေရာကို သစ်ကိုင်း သုံးကိုင်းနဲ့ တွဲထားပေးလိုက်တယ်။ ပြီးတာနဲ့ ငါ အင်္ကျီချွတ်ပြီး မြေပေါ် မှောက်နေပေးလိုက်တယ်။ ချူခုန်းက ဒဏ်ရာကို ဆေးကြောပေးမယ်ဆိုလို့။

အရင်ဘဝက မင်းသမီးခန္ဓာကိုယ်နဲ့ စစ်သူကြီးခန္ဓာကိုယ်ကို မျှသုံးခဲ့တာက ဘာမှ မဟုတ်သေးဘူး။ အခုဘဝမှာက ငါတို့ရဲ့ မူလရုပ်ခန္ဓာနဲ့ တူနေတာလေ။ ငါ ရှက်တာပေါ့။

ငါ ရင်ဘတ်ကို အုပ်ကာထားရင်း မှောက်အိပ်နေလိုက်တယ်။ ပြီးတော့ ရေရွတ်လိုက်တယ်။ "ငါ့ ​ကျောကို ဆေးလိမ်းပေးရင် ရိုးရိုးသားသားပဲ ပွတ်နော်၊ ပေါက်ကရအတွေးတွေ ဝင်မနေနဲ့"

ချူခုန်းကလည်း အေးစက်စက် နှာခေါင်းပြန်ရှုံ့တယ်။ "မီးလောင်ပြီး သွေးသံရဲရဲဖြစ်နေတဲ့ဟာကြည့်ပြီး ငါ မင်းကို လုပ်ချင်စိတ်ရှိမယ်ထင်လား၊ မဖြစ်နိုင်တဲ့ဟာတွေ တွေးပူမနေနဲ့"

ချူခုန်း ပြောတဲ့ စကားတွေက အေးတိအေးစက်နိုင်ပေမဲ့လို့ ငါ့ဒဏ်ရာကို သန့်စင်ပေးပြီး ဆေးထည့်ပေးနေတဲ့ သူ့လက်တွေကတော့ အတော်လေး ညင်သာနေတယ်။ တခြားလူတစ်ယောက်များ လာလုပ်ပေးနေသလား ထင်ရလောက်အောင်ပဲ။

ကြမ္မာ ခုနစ်လီWhere stories live. Discover now