အခန်း (၁၂)

1.6K 235 5
                                    

Burmese Translation of Jiu Lu Fei Xiang's 一时冲动,七世不祥 (Seven Unfortunate Lifetimes)

အခန်း (၁၂)

~~~~~~~~~~~~~~~~~~~~~~

ရှန်းလင်ဂိုဏ်းအနောက်ဘက်မှာ နှင်းတောင်ကြီး တစ်တောင်ရှိနေတယ်။ တောင်ထိပ်မှာ နှစ်တစ်ပတ်လည် ရာသီဥတုမရွေး နှင်းတွေ ဖုံးနေတတ်တာ။ အဲဒီ ဖုန်းရွှယ့်ရှန်း (လေပွေနှင်းတောင်)ပေါ်မှာ ရှန်းလင်ဂိုဏ်းရဲ့ အပြင်အိမ်တော်ဆောင်တစ်ခု ရှိသတဲ့။ အဲဒီအိမ်တော်ကို သိုင်းပညာ လေ့ကျင့်ဖို့အတွက်ပဲ သုံးကြတယ်တဲ့။

ရှစ်ဖူက ပြောတယ်။ သူက ငါ့ကို သိုင်းသင်ပေးတော့မှာဆိုတော့ အိမ်တော်မှာ သွားသင်ကြမယ်တဲ့။ အဲတောင်ပေါ် အိမ်တော်နေရာဝန်းကျင်က လေကောင်းလေသန့်ပတ်ဝန်းကျင်က အတွင်းအားကျင့်ကြံလို့ ပိုကောင်းသတဲ့။ ဒါပေမဲ့ တောင်ပေါ်တက်ဖို့ဆိုတာ ငါ့အတွက်တော့ စိန်ခေါ်မှုကြီး တစ်ရပ်လိုပဲ။ လတစ်ဝက်လောက်နေ့တိုင်း ကြိုးစားတက်ကြည့်တာတောင်၊ တောင်ထိပ်ထိ တက်နိုင်တာ တစ်ရက်မှ မရှိသေးဘူး။ တောင်တစ်ဝက်လောက်ထိ တက်နိုင်တဲ့ တစ်ခါတလေကျရင် ငါ ဆက်မတက်နိုင်တော့လို့ ရောက်တဲ့နေရာမှာပဲ ထိုင်ချပြီး ပေကတ်နေပစ်လိုက်တယ်။ အဲဒီလိုဆိုရင် ရှစ်ဖူက ငါ့မျက်နှာကို ဆွဲညှစ်ပစ်တတ်တယ်။ ငါကတော့ သူ့ကို အူကြောင်ကြောင်နဲ့ပဲ ပြန်ကြည့်တတ်တာပဲ။ နောက်ဆုံး ရှစ်ဖူပဲ အလျှော့ပေးပြီး ငါ့ကို ကျောပိုးပြီး တောင်အောက် ပြန်ခေါ်သွားပေးတတ်တာ။ 

တစ်ခါမှာတော့ ရှစ်ဖူ တော်တော်လေး စိတ်ဆိုးသွားတယ်။ သူ ငါ့ပါးကို နာနာလိမ်ဆွဲပြီး ပြောလိုက်တယ်။ "မင်း ဒီလို တမင် လုပ်နေတာ မဟုတ်လား...! အခုက မင်းကို လေ့ကျင့်ပေးနေတာလား... ငါ့ကိုယ်ငါ လေ့ကျင့်ပေးနေတာလား၊ ဒီနေ့တော့ ငါ မင်းကို ချီပိုးမသွားတော့ဘူး၊ မင်းဘာသာ တောင်ပေါ်က ဆင်းနိုင်ရင် ဆင်းလာခဲ့... မဆင်းနိုင်လည်း ဒီမှာပဲ နေခဲ့လိုက်တော့"

အဲသလိုတွေ ပြောပြီးတာနဲ့ သူ ထွက်သွားတာ။ ငါလည်း နေ့လည်မွန်းတည့်ကနေ ညနေစောင်းထိ အဲဒီနေရာမှာပဲ ငြိမ်ငြိမ်သက်သက် လိမ်လိမ်မာမာလေး ထိုင်နေရစ်ခဲ့တယ်။ နောက်တော့ လမင်းကြီး တဖြည်းဖြည်းနဲ့ တောင်ထိပ်ဘက် တက်သွားတဲ့ အထိပေါ့၊ စောင့်ကြည့်ရင်း နေနေခဲ့မိတယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now