Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.
Translator - No_Coz
____
"ဇာတ်သိမ်းကောင်းဆိုတာ ခိုးပြေးလို့ ရလာမဲ့ အရာမျိုး မဟုတ်ဘူးလေ...!"
ဒါက ငါ နိုးလာတာနဲ့ ဇီဟွေ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်း။ သူ့အင်္ကျီစတွေကို ခပ်တင်းတင်းဆွဲထားရင်း တည်တည်တင်းတင်း ပြောခဲ့မိတယ်။ "ရှန်းလင်ဂိုဏ်းက စားဖိုမှူးကြီးတစ်ခါပြောဖူးတယ်၊ ရွာထဲမှာ လူတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားတဲ့ မုဆိုးမတစ်ယောက် ရှိဖူးတယ်တဲ့၊ နောက်ပိုင်း သူတို့ကို မိသွားတော့ ဝက်လှောင်ချိုင့်ထဲထည့်ပြီး မြစ်ထဲနှစ်သတ်ခံလိုက်ရသတဲ့..."
ရှစ်ဖူ ငါ့ကို ဝက်လှောင်အိမ်ထဲထည့်ပြီး သူတို့ကို နှစ်သတ်သလို လုပ်မှာကို ငါ အရမ်းကြောက်တာ။ အဲသလိုသာဆို ငါ့အရိုးတွေတောင် ပြန်ရှာတွေ့မှာ မဟုတ်ဘူး။
ဇီဟွေ့ အတော်ကြာကြာ ငါ့ကို စိုက်ကြည့်နေသေးတယ်။ နောက်တော့ သူ ရယ်ပြီး ဆိုပါလေတယ်။ "အဲသလိုဆိုရင်လည်း ကိုယ်တို့ ခိုးမပြေးသင့်ဘူးပေါ့"
"ကောင်းပြီလေ" ငါ ချက်ချင်း ခေါင်းညိတ်လိုက်တော့တယ်။ ငါ ရှစ်ဖူအပေါ် မကျေမနပ်ဖြစ်တာလေးတွေ ရှိသေးတယ်ဆိုပေမဲ့ ရှစ်ဖူအနားက ထွက်သွားဖို့ကို ဘယ်တုန်းကမှ မတွေးဖူးဘူးလေ။
"ပြန်ပြီးတော့ ရှစ်ဖူဆီက ခွင့်လွှတ်ဖို့ အသနားခံရအောင်..."
ငါ ထသွားဖို့ပြင်ပေမဲ့ ဇီဟွေ့ ငါ့ကို ဆွဲထားလိုက်တယ်။
"မင်း ဒီနေရာကနေ ရှန်းလင်ဂိုဏ်းကို ပြန်မယ်ဆိုရင် လဝက်လောက်ကြာလိမ့်မယ်"
ငါ အံ့သြရမိပါတယ်။ "ငါ လဝက်လောက်တောင် အိပ်ပျော်သွားခဲ့တာလား"
"မဟုတ်ဘူး၊ အားရှန်းမိန်းကလေး တစ်ညပဲ အိပ်ပျော်သွားခဲ့တာပါ" ဇီဟွေ့က ပြောတယ်။ "ကိုယ်ဟာ သာမန်လူမဟုတ်မှန်း မင်း သိလောက်ပါပြီ၊ ကိုယ်က ကျောက်တုံးအမြုတေကနေ အသိဉာဏ်နာမ်ရပြီး ရုပ်ခန္ဓာဖန်ဆင်းလို့ရသွားတဲ့သူပါ... မျက်စိတစ်မှိတ်ကာလအတွင်း မိုင်ထောင်ပေါင်းများစွာ သွားလာလို့ရတာကလည်း ကိုယ့်အစွမ်းတန်ခိုးနဲ့ ကျင့်ရတဲ့ သိုင်းကွက်တစ်မျိုးပါပဲ"
YOU ARE READING
ကြမ္မာ ခုနစ်လီ
Humorကောင်းကင်ဘုံမှ တိမ်ဝိညာဉ်ရှောင်ရှန်းဇီနှင့် ချူ ခုန်းတို့ ခိုက်ရန်ဖြစ်ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်ထွေးသွားစေခဲ့မိသည်။ ထို့ကြောင့် အပြစ်ဒဏ်အနေနှင့်၊ ရန်ဖြစ်ရကောင်းလားဟုဆိုကာ နှစ်ယောက်သားကို လူ့ပြည်မှာ ၇ ဘဝစာ ဖူးစာဖက...