အခန်း (၇)

2K 423 21
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

____

အဲ့နေ့ညက လုဟိုင်​ခုန်းနဲ့ သူ့ဦးလေး တစ်​ညလုံး စကားတွေ ပြောခဲ့ကြတယ်​။ ငါကတော့ ငါ့ကိုပေးတဲ့ အခန်းကို ပြန်​ပြီး ရေချိုးတယ်​။ ရေချိုးပြီးတော့ ကောင်းကောင်းမရတာ ကြာပြီဖြစ်​တဲ့ အိပ်​ရေးကို ပြန်​ဆယ်​ရတယ်​။ နောက်​တော့. . . . နောက်​တော့ဆိုတာ မရှိတော့ဘူး။

နောက်​တစ်​နေ့ရောက်​တော့ လုဟိုင်​ခုန်းရဲ့ ဦးလေးက ရုံးတော်​က လွှတ်​လိုက်​တဲ့ အရာရှိကို ဖမ်းလိုက်​တော့တယ်​။ အရင်​မင်းကြီးဘက်​မှ ရပ်​တည်​ကာ သစ္စာဖောက်​ အမှုထမ်းတွေကို ကြီးကြီးကျယ်​ကျယ်​ တခန်းတနား ကွပ်​မြက်​တယ်​။ လက်​ရှိဘုရင်​ကို ပုန်​ကန်​ဖို့လည်း အလံထောင်​လိုက်​ပြီ။ တောင်​ပိုင်းက လူတွေတောင်​ သူ့လုပ်​ရပ်​ကို အားပေးထောက်​ခံကြတယ်။

အဲ့အချိန်​ကစလို့၊ လုဟိုင်​ခုန်းဟာ တစိုက်​မတ်​မတ်​ ကြိုးစားလာခဲ့တယ်​။ သူ ကလဲ့စားချေနိုင်​မယ့်​နေ့ကို စောင့်​စားရင်းပေါ့။ ဒီလောက်​ ငယ်​ငယ်​ရွယ်​ရွယ်​လေးနဲ့ကို သူ့ အပြုံးတွေ ပျောက်​ကွယ်​သွားခဲ့ပြီ။ နေ့နေ့ညည သိုင်းလေ့ကျင့်​တယ်​။ စာဖတ်​တယ်​။ တစ်​နေကုန်​ တစ်​နေခန်း ဦးလေးနားမှာ လေ့လာသင်​ယူနေတယ်​။

ငါကတော့... ငါကတော့ လုလျန်​မြို့ရဲ့ နာမည်​ကြီး အရက်​ဆိုင်​တစ်​ဆိုင်​နဲ့ မေတ္တာမျှသွားတယ်​လေ။ အရက်​ရောင်းတဲ့ အစ်​မကြီး လန်​ရှန်းက မုဆိုးမ။ မုဆိုးမပေမယ့်​ အတော်​လှသေးတဲ့ မုဆိုးမ။ သူမရဲ့ အရက်​တွေက ငါ နတ်​ပြည်​မှာ ဝယ်​သောက်​တဲ့ ဟာတွေထက်​တောင်​ ကောင်းသေးတယ်​။ ဒါပေါ့၊ အဲ့တုန်းက ငါ့မှာ ပိုက်​ဆံမရှိလို့ နတ်​ပြည်​က ကောင်းပေ့ဆိုတဲ့ အရက်​တွေကို မသောက်​နိုင်​ခဲ့တာလည်း ပါတာပေါ့။

 ငါကတော့ လုလျန်​မြို့ရဲ့ နာမည်​ကြီး အရက်​ဆိုင်​တစ်​ဆိုင်​နဲ့ မေတ္တာမျှသွားတယ်​လေ။ အရက်​ရောင်းတဲ့ အစ်​မကြီး လန်​ရှန်းက မုဆိုးမ။ မုဆိုးမပေမယ့်​ အတော်​လှသေးတဲ့ မုဆိုးမ။ သူမရဲ့ အရက်​တွေက ငါ နတ်​ပြည်​မှာ ဝယ်​သောက်​တဲ့ ဟာတွေထက်​တောင်​ ကောင်းသေးတယ်​။ ဒ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကြမ္မာ ခုနစ်လီWhere stories live. Discover now