အခန်း (၅၂)

1.5K 252 5
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၅၂)/ လုဟိုင်ခုန်း
__________

နှင်းစက်တို့ အနားမယူလေတဲ့ နောက်တစ်ရက်။

မီးလင်းဖိုထဲမှ ထင်းမီးတို့ ဖြည်းညင်းစွာ လောင်ကျွမ်းနေရင်း ခန်းဆောင်တစ်ခုလုံးကို နွေးထွေးနေစေတယ်။

လုဟိုင်ခုန်း မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးတို့ တဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ ယာမျက်လုံးက မှုန်မှိုင်းနေသလောက် ဝဲမျက်လုံးက ကြည်လင်နေရဲ့။ သူ့ကမ္ဘာကြီးမှာ အမြဲတမ်း အမှောင်ခြမ်းက တည်ရှိနေတော့မှာ ဖြစ်တယ်။

အိပ်မှုန်စုံမွှားဖြစ်နေတာ ပျောက်မလားလို့ သူ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိတယ်။ သူ့ဘဝမှာ ပထမဆုံး အရက်နာကျတာ။ အတွေ့အကြုံမရှိတဲ့ သူ့ကို ခေါင်းနှစ်ခြမ်းကွဲမတတ် ကိုက်ခဲနေစေတယ်။

လုဟိုင်ခုန်း နဖူးကို အသာပွတ်ရင်း ထထိုင်လိုက်တယ်။

"နိုးပြီလား"

မိန်းကလေးတစ်ယောက်ရဲ့ အသံက သူ့နားထဲ ညင်သာစွာ ရိုက်ခတ်လာတယ်။ တစ်ခဏလောက်တော့ လုဟိုင်ခုန်း လန့်သွားမိခဲ့လေရဲ့။ အတိတ်မှာဆို ယွင်ရှန်းတစ်ယောက်သာ ဒီလိုညအချိန်ကြီး သူ့အနားမှာ ရှိပေးတာကိုး။ လုဟိုင်ခုန်း အတွေးတွေကြား လမ်းပျောက်နေမိပြီ။ သူ မော့ကြည့်လိုက်ပြီး သူမမျက်နှာကို မတွေ့ရခင်မှာ အရိုးမရှိဘူးလို့တောင် ထင်ရစေတဲ့ ဖော့ဖယောင်းလို ပျော့ပျောင်းတဲ့ လက်ချောင်းလေးတွေက သူ့နားထင်ကို လာဖိတယ်။ ညင်သာဖျော့ဖျော့ နှိပ်နယ်ပေးလာတယ်။

"နောက်တစ်ခါဆို အများကြီး မသောက်နဲ့တော့နော်၊ ရှင်ပဲ ဒုက္ခဆိုးပြစ်တွေ ခံစားရလိမ့်မယ်"

ဒါ ယွင်ရှန်းမဟုတ်ဘူး. . . . . ယွင်ရှန်းဆိုရင် သူ့ခေါင်းကို ပုတ်ပြီး ဆူပဲ ဆူနေမှာ။ "ကောင်စုတ်လေး အတတ်ကောင်းတွေကျ အတုမခိုးတတ်ဘူး၊ ဘာလဲ သေရည်သောက်ထားတာမဟုတ်လား၊ ခေါင်းကိုက်တာ နည်းတောင် နည်းသေး" ဆိုပြီး ပြောဆိုနေမှာ။

ပြီးတော့ အခုဆိုရင် သူ့ဘေးနားမှာ ယွင်ရှန်း ရှိနေဖို့ဆိုတာ မဖြစ်နိုင်တော့ပြီမို့. . . . .

ကြမ္မာ ခုနစ်လီWhere stories live. Discover now