အခန်း (၅၁)/ က

1.2K 243 7
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၅၁)/ က
__________

ကောင်းကင်ဘုံကို ပြန်ရောက်တာက ရင်းနှီးနေသလို တစ်ချိန်တည်းမှာ အစိမ်းသက်သက်လိုလည်း ခံစားရပြန်တယ်။ ငါ့ကို တွေ့တဲ့ နတ်မိမယ်လေးတွေက ဖော်ဖော်ရွေရွေပဲ လာနှုတ်ဆက်ကြလေတယ်။ ငါ မဆင်းသွားခင်တုန်းကနဲ့ ဘာမှ မခြားနားသွားသလိုပဲ။

ချူခုန်းဆိုတဲ့ ကြယ်နတ်တစ်ပါးမရှိတော့လည်းပဲ ကောင်းကင်ဘုံက ကောင်းကင်ဘုံ ဆက်ဖြစ်နေဆဲပါပဲ။ နတ်ဒေဝါတွေက သွေးအေးလှတယ်။ လူသားတွေလောက် ခံစားချက်တွေ သိပ်မများကြဘူး။

ငါလည်းပဲ လူ့ဘုံမှာ သွားမဝင်စားခင်အထိ အဲသလိုပဲ ဖြစ်ရင် ဖြစ်ခဲ့မှာပေါ့။ အခုတော့. . . . .

ခေါင်းငုံ့လိုက်ရင်တောင် ငါ့တစ်ကိုယ်လုံးကနေ မြေနံ့တွေထွက်နေတာ ငါ အနံ့ရနေတယ်။

ယွဲ့လောင်ရဲ့ ဘုရားကျောင်းကို ပြန်ရောက်တယ်။ ယွဲ့လောင်ကျောင်းထဲက ပိုးကြိုးနီတွေကတော့ အရင်လိုပါပဲ။ ယွဲ့လောင်ကြောင့် ရှုပ်ထွေးပြီးနေတယ်။ ရောပြွန်း ရှုပ်ထွေးလွန်းလို့ ဘယ်နေရာက စပြီး ဘယ်မှာဆုံးသွားတယ်ဆိုတာကို မမြင်နိုင်လောက်အောင်ပဲ။

ငါ ဝန်းအနောက်ဘက်ကို သွားလိုက်တော့ ယွဲ့လောင် သေရည်ခိုးသောက်ရင်း အိပ်ပျော်နေတာကို တွေ့ တယ်။ ငါ့အကျင့်ဆိုးတွေမှန်သမျှ ဒီအဘိုးကြီး ယွဲ့လောင်ဆီက ကူးလာတာပဲနေမှာ။

ငါ သူ့ဆီလျှောက်သွားလိုက်တယ်။ သူ့မုတ်ဆိတ်မွေး ဖြူဖြူအရှည်ကြီးကို ကိုင်ပြီး အညှာအတာမဲ့ ဆောင့်ဆွဲချပစ်လိုက်တယ်။

"အိုက်ယိုး" ယွဲ့လောင် နာလွန်းလို့ ယောင်အော်ပါလေရော။ သူ့မေးစေ့ကို ပွတ်ရင်းသပ်ရင်း နိုးလာတော့တယ်။ သူ ငါ့ကို သေချာမြင်နိုင်ဖို့ အချိန်လေးနည်းနည်းတော့ ကြာသွားတယ်။

"ဟာ ရှောင်ရှန်းဇီ ပြန်ရောက်လာပြီပဲ...!"

ငါ သူ့ကို မျက်ဝန်းတွေ မှေးကျဉ်းပြီး ကြည့်လိုက်တော့ အကင်းပါးစွာ သူ ငါ့ကို ခေါ်ပုံခေါ်နည်း ပြောင်းပေးလိုက်တော့တယ်။ "ဟုတ်ပါပြီ၊ ရှောင်ရှန်း... ညည်းဟာလေ ပြန်ရောက်လာတာနဲ့ ဒီအဘိုးကြီးကို ပြဿနာရှာတော့တာပဲ...! ဒါနဲ့. . . . ."

ကြမ္မာ ခုနစ်လီWhere stories live. Discover now