Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.
Translator - No_Coz
အခန်း (၄၅)/ ခ
__________"ငါ နင့်ကို မမွေးခဲ့ဘူး၊ နင့်ကို ငါ မွေးထားတာ မဟုတ်ဘူး"
ရန်ပြည်ထောင်ရဲ့ မှူးမတ်အရာရှိတွေက တော်တော်လေး အယူသီးကြတယ်။ အစွန်းရောက်အောင်ပါပဲ။ ရန်ပြည်ထောင်မှာ ဆိုရိုးတဘောင်တစ်ခုက ရှိနေတာကိုး။ သူရူးကလေးလေးကြောင့် ကံဆိုးမှုတွေ ကြုံတွေ့ရမယ်ဆိုပြီး။ ဒါကြောင့်မို့ အရူးကလေး ချူခုန်းကို မွေးလာတဲ့ ဒီကြင်ယာတော်ဟာ အပယ်ခံဖြစ်ပြီး အအေးနန်းဆောင်ကို ပို့ခံလိုက်ရတာပဲ။ သူ ဘဝတစ်ခုလုံး ပျက်စီးသွားရတယ်ဆိုရမယ်။ ကိုယ့်ရင်သွေးကိုယ် သိပ်မုန်းသွားတာ အဲဒါကြောင့်ပဲ။ ဒါပေမဲ့လည်း သူ့သားကလေးကသာ သူ့ရဲ့ တစ်ခုတည်းသော အားကိုးရာ ဖြစ်နေတာ။
အဲဒီအမျိုးသမီး ရုတ်တရက်ထရပ်လိုက်ပြီး အခန်းထဲက ထွက်လာတယ်။ သူ အသားလုံးလေးခုန်း မျက်နှာကို ပိတ်ရိုက်လိုက်တယ်။ ရိုက်ချက်က ပြင်းလို့ လက်သည်းနဲ့ ခြစ်မိပြီး ကလေးမျက်နှာမှာ အစင်းရာ သုံးကြောင်းတောင် ထင်သွားလေတယ်။ ကလေးက ရူးကြောင်ကြောင်ကလေးဖြစ်နေတယ်ဆိုပေမဲ့ နာကျင်မှုကိုတော့ သူ သိသေးတယ်။ သူ့မျက်ဝန်းအိမ်ကျယ်ကြီးတွေထဲကနေ မျက်ရည်လုံးကြီးတွေ မျက်နှာပေါ် လှိမ့်လှိမ့် လှိမ့်လှိမ့် စီးကျလာပါရော။ "မေမေ..."
"ငါ နင့်ကို မမွေးခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ"
အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူ့ကို ရိုက်နှက်နေတော့တယ်။
"နင် ဒီလောကကြီးထဲ ရောက်မလာရင် ဘယ်လောက်ကောင်းမလဲ၊ ထွက်သွားပါ့လား... သွားစမ်း သွားစမ်း..."
ငါ ကိုယ်ထင်ပြလိုက်ပြီး ချူခုန်းရှေ့ ဝင်ရပ်ကာ အဲဒီမိန်းမ လက်ကို လှမ်းဖမ်းထားလိုက်တယ်။ "ကလေးအပေါ် ဒေါသပုံချစရာလား"
ငါ ဆက်ပြောလိုက်တယ်။ "သူ ရှင့်ဗိုက်ထဲက ထွက်လာရတဲ့အတွက် ကျွန်မ စိတ်မကောင်းပါဘူး၊ ရှင် သူ့ကို ဂရုမစိုက်ချင်မှတော့ ကျွန်မပဲ ဂရုစိုက်လိုက်တော့မယ်"
YOU ARE READING
ကြမ္မာ ခုနစ်လီ
Humorကောင်းကင်ဘုံမှ တိမ်ဝိညာဉ်ရှောင်ရှန်းဇီနှင့် ချူ ခုန်းတို့ ခိုက်ရန်ဖြစ်ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်ထွေးသွားစေခဲ့မိသည်။ ထို့ကြောင့် အပြစ်ဒဏ်အနေနှင့်၊ ရန်ဖြစ်ရကောင်းလားဟုဆိုကာ နှစ်ယောက်သားကို လူ့ပြည်မှာ ၇ ဘဝစာ ဖူးစာဖက...